ရန်ကုန်၊ သြဂုတ် ၂၈
ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အနေဖြင့် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာသင်တန်းကို စတင်ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြန်မာအီ လက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်း ကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်ပြန်လည် ထုပ်ပိုးသိမ်း ဆည်းပုံတို့ကို သင်ကြားပြသပေး မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတတ်မြောက်ပြီး ကျွမ်းကျင် နည်းပြဆရာမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို ဆင့်ပွား သင်တန်းများ ပြန်လည်ပို့ချ၍ ရွေးကောက်ပွဲတွင်လည်း မဲပေးစက်ဖြင့်မဲပေးခြင်းကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အ သုံးပြု၍ ရွေးကောက်ပွဲတွင် မဲပေးဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများသည် လွယ်ကူစွာ မဲပေးနိုင်မည်ဖြစ်ပြီး မဲရလဒ်များကိုလည်း တိတိကျကျ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထူးမြတ်