၂၀၂၃ ဇန်နဝါရီ - ၂၃
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲများသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှိဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။




ထိုသို အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းနှင့် မီးရှိဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး အဆောက်အဦး ၁၃ ခုနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုးခဲ့ရမှုအား ဖော်ပြပါအတိုင်းတွေ့ရှိရသည်



အကြမ်းဖက်အဖွဲများအနေဖြင့် ဌာနဆိုင်ရာရုံးများအား ယခုကဲ့သို မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီး ခြင်းနှင့် မီးရှိဖျက်ဆီးခြင်းများလုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်း များကို ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲဝင်များထံသို လျှို့ဝှက်စွာ ဆက်သွယ် သတင်းပေးပို၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်း ထုတ်ပြန်အပ်ပါသည်။