အပစ်အခတ်ရပ်စဲပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေး ဖြေရှင်းကြရန် RCSS တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၃၁
    သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ကြရန်နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သွားကြရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဇူလိုင် ၂၉ ရက်တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ကာ တိုက်တွန်းခဲ့သည်။
    RCSS ၏ ၂၀၂၄ ခုနှစ် ခြောက်လပတ်အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၆၊ ၂၈ ရက်များတွင် ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသို့ အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (CEC) များ၊ ဗဟိုဦးစီးကော်မတီဝင်(CLC)များ၊ ဗဟိုကော်မတီဝင် (CC) များနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း ၂၃၂ ဦး တက်ရောက်ကြကြောင်းသိရပြီး အစည်းအဝေးအပြီးတွင် ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
    ထို့အပြင် ရှမ်းပြည်(မြောက်ပိုင်း) တိုက်ပွဲများကြောင့် ရှမ်းပြည်လူထုတို့သည် အိုးအိမ်ပစ္စည်း ဥစ္စာများပျက်စီးဆုံးရှုံးရခြင်း၊ သေဆုံးဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာစစ်ဘေး ရှောင်နေရခြင်းများ ကြုံတွေရသည့်အပြင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများတို့သည်လည်း အတိဒုက္ခများ၊ အခက်အခဲများ ကြုံတွေ့နေရခြင်းတို့အပေါ် RCSS အနေဖြင့် စိတ်မကောင်းခြင်းများစွာ ဖြစ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    ယင်းအပြင် ရှမ်းပြည်(တောင်ပိုင်း)ဒေသ တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်း၍ ကာကွယ်စောင့်ရှောက်သွားမည်ဟုလည်း RCSS က ထုတ်ပြန်ခဲ့သည်။

Total Views ~ 391

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43184

© 2022 - 2025 News. All Rights Reserved.