AA အကြမ်းဖက်အဖွဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေပါက အစိုးရနှင့် နိုင်ငံတကာ အကူအညီမရနိုင်

နေပြည်တော်၊ မေ ၁၄
    ရခိုင်ပြည်နယ် ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိရန်အတွက်လည်း တိုက်ပွဲများ ရပ်တန့်သွားရန်လိုအပ်ပြီး တိုက်ပွဲများ ဆက်ရှိနေပါက ရခိုင်ပြည်သူများအတွက် အစိုးရနှင့် နိုင်ငံတကာအကူ အညီများလည်း မရရှိနိုင်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း ကပြောသည်။ 
    "ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ စစ်ပွဲက ငြိမ်းသွားရမယ်။ AA နဲ့ အစိုးရနဲ့ကြားမှာ ဘယ်လို Agreement တွေ လုပ်မလဲဆိုတဲ့ စဉ်းစားချက်က အဓိကကျတယ်။ စစ်ပွဲမပြီးဘူးဆိုရင် ကူညီထောက်ပံ့မှုတွေလည်း မလာနိုင်ဘူး။ စစ်ပွဲပြီးသွားရင် လူတွေကလည်း ကိုယ့်အိမ်ကိုယ့်ရာကို ပြန်လာ ကြမယ်။ ပြန်လာကြရင်လည်း နေဖို့နေရာ အခက်အခဲတွေ ရှိနိုင်တယ်။ နေစရာမရှိတော့တာ ရှိနိုင်တယ်။ ပြန်လည်နေရာချ ထားရေးကိစ္စကို အဓိက စဉ်းစားရမယ့် လက္ခဏာရှိနေတယ်။ ကျွန်မရောက်နေတဲ့ အချိန်မှာ တစ်နေ့ကတော့ အမြောက်တွေ တော်တော်ပစ်တာတွေ့ရတယ်။ အမြောက်သံတွေ ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် ပစ်တယ်။ ပေါက်တောဘက်ကိုပစ်တာ။ တခြားနေ့တွေမှာတော့ ပစ်သံခတ်သံ မကြားရဘူး"ဟု ၎င်းကပြောသည်။ 
    လက်ရှိတရားဝင်အစိုးရနှင့် AA တို့ကြား နိုင်ငံရေးအရ သဘောတူညီမှုရလျှင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိကြောင်း စောမြရာဇာလင်းက ပြောသည်။ 
    "ရွေးကောက်ပွဲပြုလုပ်နိုင်ခြေ ရှိ၊ မရှိဆိုတာက AA နဲ့ သဘောတူညီချက်ရတယ် ဆိုရင်တော့ နေရာတိုင်းမှာ ကျင်းပနိုင်ဖို့အတွက်ကို ကြိုးပမ်းလို့ရတယ်။ AA ထိန်းချုပ်နယ်မြေကို ကျွန်မ မပြောနိုင်ဘူး။ လက်ရှိ စစ်တွေမှာဆိုရင်တော့ ရနိုင်ခြေရှိတယ်။ ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် အဲဒီနေ ရာတွေကတော့ ရနိုင်ဖွယ်ရှိတယ်။ လတ်တလော မြင်ရတာတော့ အဲဒီသုံးနေရာရှိတယ်။ ကျောက်ဖြူမှာတော့ ကျွန်မ အခုစစ်တွေကို မလာခင် တိုက်ပွဲဖြစ်တယ်။ ရောက်ပြီးမှလည်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ကျောက်ဖြူမှာ၊ စစ်တွေမှာ အဲဒီလောက်တော့ မရှိဘူး"ဟု ၎င်းကပြောသည်။
    AA အကြမ်းဖက် သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ် မဟုတ်သည့် ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲများဖော်ဆောင်ခြင်း၊ သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43782

© 2022 - 2025 News. All Rights Reserved.