FIFA MFF U15 Youth League ပြိုင်ပွဲ တောင်ကြီးဇုန်ပြိုင်ပွဲများ ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂
    မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွက်လာရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ အသက်(၁၅)နှစ်အောက် လူငယ်များအတွက် Youth League ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယခုနှစ်ပြိုင်ပွဲ တောင်ကြီးဇုန်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
    ဇန်နဝါရီ ၂၁ ရက်တွက် FIFA MFF U15 Youth League 2024-25 (Taunggyi Zone) ပြိုင်ပွဲဝင်အသင်းများ အသက် မှန်ကန်မှုရှိရေးစစ်ဆေးမှုနှင့် ပွဲစဉ်ဇယား မဲခွဲပွဲပြုလုပ်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။
    FIFA MFF U15 Youth League 2024-25 (Taunggyi Zone) ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းခြောက်သင်းမှ ကစားသမားများ အသက်မှန်ကန်မှု ရှိရေးအတွက် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှ ဒုဦးစီးမှူးနှင့်အဖွဲ့၊  မြို့နယ်ပညာရေး တာဝန်ခံနှင့်အဖွဲ့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးဘက်ဆိုင်ရာဌာနနှင့် ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်း ခြောက်သင်းမှ အုပ်ချုပ်သူတို့က စနစ်တကျ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပွဲစဉ်များ မဲနှိုက်ရေး ဆွဲခဲ့ကြကြောင်း သိရသည်။
    တောင်ကြီးဇုန် လိဂ်ပွဲစဉ်များအား တောင်ကြီးမြို့နယ် အားကစားကွင်း (ရွှေ ညောင်)တွင် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ကျင်းပသွားမည်ဖြစ်ကာ ရန်ကုန်ဇုန် လိဂ်ပွဲစဉ်များကိုမူ ၂၀၂၄ ဒီဇင်ဘာ မှ စတင်ကာ ကျင်းပနေပြီး မန္တလေးဇုန် လိဂ်ပွဲစဉ်များလည်း မကြာမီ စတင်တော့မည်ဖြစ်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 235

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43230

© 2022 - 2025 News. All Rights Reserved.