၂၀၂၅ ဖေဖော်ဝါရီ ၂၇
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ အရပ်ရပ်အပေါ် အမြင်သဘောထား၊ ရခိုင်ပြည် နယ်အခြေအနေ၊ ဒေသခံလူထုတို့၏ စိတ်ခံစားမှုနှင့် ပါတီတစ်ရပ်အနေဖြင့် ရပ်တည်ဆောင်ရွက်နေမှု အနေအထားတို့နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အခြေစိုက် ပါတီတစ်ခုဖြစ်သည့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဦးသန်းဌေးအား ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်အပေါ် ပါတီတာဝန်ရှိသူတစ်ဦးအနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ၊ ဘာပြောချင်လဲ။
UUTH ။ ။ ကျွန်တော်တို့ နိုင်ငံရေးပါတီဖြစ်တော့ လက်ရှိ ရှိနေတဲ့ အနေအထားကနေ ရွေး ကောက်ပွဲဖြစ်ဖို့ကို အဓိက Target ထားတယ်၊ အာရုံစိုက်ထားပါတယ်။ ပြီးတော့ ရွေးကောက်ပွဲဆိုတာကလည်း ကျွန်တော်တို့ နိုင်ငံရဲ့အပြောင်းအလဲအတွက်လို့ ယုံကြည်ထားပါတယ်။ နိုင်ငံအပြောင်းအလဲ ဖြစ်စေချင်တဲ့အတွက်လည်း ရွေးကောက်ပွဲ ဖြစ်စေချင်တာပါ။ တချို့ကတော့ ဒီအခြေအနေဟာ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ထင်မြင်ချက်တွေ ပြောကြတယ်။ လက်ရှိအခြေအနေက ရွေးကောက်ပွဲဖြစ်ဖို့ တော်တော် ခက်ခဲမယ်လို့ မြင်နေကြတာ။ ခက်ခဲတယ်ဆိုတာကလည်း အမှန်ကတော့ တရားဥပဒေစိုးမိုးရေးက အဓိကပြဿနာ ဖြစ်နေတာကြောင့်ပါ။ ငြိမ်းချမ်းရေးပြဿနာ၊ တရားဥပဒေစိုးမိုးရေး ပြဿနာပေါ့။ အဲဒါကို အောင်မြင်အောင် အကောင်အထည်ဖို့လိုသေးတယ်ဆိုပြီး ပြောနေကြတာ။ ကျွန်တော်တို့ကတော့ ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲမှာ ပါတီနိုင်ငံရေးလမ်းကြောင်းပေါ်ကို ယုံယုံ ကြည်ကြည်ရပ်တည် လျှောက်လှမ်းခဲ့တယ်။ အဲဒီလို လျှောက်တဲ့အခါကျတော့ ရွေးကောက်ပွဲကိုလည်း ဖြစ်စေချင်တာ။ နိုင်ငံတော်အစိုးရကလည်း ရွေးကောက်ပွဲ အောင်မြင်ဖို့ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း ပြောထားပါတယ်။ တည်ငြိမ်အောင် လုပ်မယ်လို့လည်း ပြောထားတယ်။ ပြီးတော့ နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်မှာတော့ ရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပပြီး ပေါ်ပေါက်လာတဲ့ အစိုးရကို နိုင်ငံ့တာဝန်တွေ လွှဲပြောင်းမယ်ဆိုတဲ့ အချက်ပါတော့ အထမြောက်အောင် မြင်အောင် ကျင်းပပေးလိမ့်မယ်လို့ မြင်ပါတယ်။ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ၊ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာကိစ္စတွေကို ဖိဖိစီးစီး လုပ်ပြီးရင်တော့ ရွေးကောက်ပွဲကိစ္စ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
ပြီးတော့ တရားဥပဒေစိုးမိုးဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင် ပြောရရင် ပြည်သူလူထုက အစိုးရအပေါ် ဒီ့ထက်ပိုပြီး ယုံကြည်မှုရှိလာအောင်လုပ် ဖို့လိုတယ်လို့ မြင်တယ်။ ဥပမာ အောက်ခြေ အုပ်ချုပ်ရေး ယန္တရားတွေက ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ စည်းရုံးတဲ့ပုံစံ မဟုတ်ဘဲအမိန့် ညွှန်ကြားချက်တွေနဲ့ သွားမယ်ဆိုရင် ပြည်သူလုထုက ကိုယ့်ဘက် ပါမလာတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် လက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ပြည်သူတွေပိုပြီး စိတ်ပါဝင်စားလာအောင်၊ ပိုပြီး ယုံကြည်မှုရှိလာအောင် အဓိက လုပ်ဆောင်ဖို့ လိုမယ်လို့ မြင်ပါတယ်။ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးရေးမှာလည်း ယုံကြည်မှုက အဓိကပဲ။ ယုံကြည်မှုရှိဖို့ လိုတယ်။ အပြန်အလှန် ယုံကြည်မှု မတည် ဆောက်နိုင်သေးရင် ဘာမှ ဆက်လုပ်လို့ မရဘူး။ စောစောက ပြောခဲ့တာနဲ့ ဆက်စပ်ပါတယ်။ အဓိကçကတော့ ပြည်သူလူထုရဲ့ ယုံကြည်မှု ရှိဖို့ပါ။ တစ်ဖက်က EAO တွေနဲ့ ဆွေးနွေးမှုတွေမှာလည်း ယုံကြည်မှုတည်ဆောက်ရေးနဲ့ စည်းရုံးရေးတွေကို တကယ့်မြေပြင်မှာ အကောင်အထည် ဖော်ဖို့ လိုအပ်တယ်။ စည်းရုံးရေးမဆန်ဘဲ အောက်ခြေယန္တရားမှာ အမိန့်ညွှန်ကြားချက်တွေနဲ့ သွားနေမယ်ဆိုရင် ဘယ်ကိစ္စမှ အဆင်ပြေမယ်လို့ မမြင်ပါဘူး။ ဒါကြောင့် ပြည်သူလူထုက အစိုးရအပေါ် ဒီ့ထက်ပိုပြီး ယုံကြည်လာအောင် စည်းရုံးတဲ့နည်းတွေနဲ့ အောက်ခြေအဆင့်တွေက ထိတွေ့ဆက်ဆံဖို့ လိုတယ်လို့ မြင်ပါတယ်။

TREND ။ ။ လက်ရှိ ပဋိပက္ခဖြစ်စဉ်မှာ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်ချင်ကြတဲ့ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။
UUTH ။ ။ ဒါတွေက သူတို့ရဲ့ ယုံကြည်ချက်၊ သူတို့ အဖွဲ့အစည်းအသီးသီးတွေရဲ့ ရပ်တည် ချက်ကိစ္စပါ။ ဒီအပေါ်မှာတော့ ဘာမှမဝေဖန် မသုံးသပ်ချင်ပါဘူး။ဘယ်လိုပဲ ယုံကြည်ချက်တွေ၊ ရပ်တည်ချက်တွေနဲ့ လုပ်နေကြပါစေ ပြည်သူလူထုအကျိုးကို ကြည့်ကြဖို့ လိုပါတယ်။ ပြည်သူ့မျက်နှာကို ကြည့်ဖို့၊ ပြည်သူကိုငဲ့ဖို့ လိုပါတယ်။ နောက်တစ်ချက်က တိုက်နေကြတယ်၊ အပြုတ် တိုက်မယ် ဆိုပြီးတော့လည်း ပြောခဲ့တာတွေရှိတယ်။ ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ဖို့ဆိုတာက လွယ်တဲ့ကိစ္စ မဟုတ်ဘူးလေ။ ကျွန်တော်တို့ နိုင်ငံမှာ တပ်မတော်ကို လက်နက်ကိုင် တိုက်လာကြတာ နှစ် ၇၀ ကျော်ပြီ ဘာမှဖြစ်မလာဘူး။ ထိုနည်းတူစွာပဲ လက်နက်ကိုင်တိုက်နေတဲ့အဖွဲ့တွေ ထပ်ပြီးပေါ် လာတာရော၊ တိုင်းရင်းသားအဖွဲ့တွေရော တိုက်နေကြတာပဲ။ ဟိုမြို့ကို ဝင်ထိန်းမယ်၊ ဘယ်မြို့ကို ဝင်သိမ်းမယ်၊ အပြုတ်တိုက်မယ်ဆိုပြီး ပြောနေကြတာပဲ။ လိုင်းပေါ်မှာတော့ အပြုတ် တိုက်နေကြတာပါပဲ ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ဖို့ဆိုတာ မလွယ်ဘူး။ ဒီလို လက်နက်ကိုင် တိုက်ခိုက်နေကြတာကလည်း လက်တွေ့ ထိခိုက်ခံစားနေကြရတာက ပြည်သူ၊ အိုးပစ်အိမ်ပစ် ပြေးနေကြရတာ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသခံပြည်သူတွေပါ။ ဒါကြောင့် ကျွန်တော်တို့ ကတော့ တွေ့ဆုံဆွေး နွေးရေးနဲ့ နိုင်ငံရေးအဖြေရှာဖို့ပဲ လိုလားတာပါ။ မြို့တွေ သိမ်းတယ်၊ သိမ်းတယ်ဆိုပြီး လုပ်နေကြတယ်။ ဒါက တိုက်ပွဲအောင်တဲ့ သဘောပဲလို့ပဲ ကျွန်တော်တို့က နားလည်ပါတယ်။ ဒါ အောင်မြင်တာ မဟုတ်ဘူး။ တကယ်တမ်းကျတော့ အဲဒါက သူတို့ အောင်မြင်သွားတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ တိုက်နေကြပေမယ့် ဘာဖြစ်လာလဲ၊ ဒါက နိုင်ငံရေးသဘောတူညီမှု မရလို့ ရှိရင် အဲဒီအခြေအနေတွေက ဆက်ဖြစ်နေမှာပဲလေ။ နောက် ရှိပါသေးတယ်။ တိုက်နေရင်းနဲ့ မြန်မာ့ တပ်မဝောာ်နဲ့ ဆွေးနွေးမယ်ပေါ့။ စစ်ရေးကို အသာစီးရအောင် လုပ်ပြီးတော့ တပ်မတော်နဲ့ ဆွေးနွေးမယ် ပြောလာတယ်။ ဒါက လက်တွေ့မြေပြင်မှာ၊ ရေရှည်မှာ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နားလည်သလောက်ကတော့ အခု တိုင်းရင်းသား EAO တွေ ဘက်က သူတို့က စစ်ရေးအရ အသာစီးဘက်ကို သွားမယ်။ ပြီးရင် တွေ့ဆုံစကားပြောကြမယ်၊ အဲဒီသဘောလို့ မြင်မိပါတယ်။
အဲဒီလို အသားစီးရပြီဆိုရင် သူတို့ တပ်မတော်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ပေါ့။ အဲဒါမျိုးက လက်တွေ့ ဖြစ်နိုင်ပါ့မလား။ ဟိုမြို့တော့ သိမ်းလိုက်ပြီ၊ ဒီမြို့ကို သိမ်းလိုက်ပြီ၊ အဲဒီလို အခြေအနေကနေ တွေ့ဆုံဆွေးနွေးဖို့ လုပ်လာကြတာဆိုတော့ ဒီအခြေအနေ သုံးသပ်ရရင် နှစ်ဖက်ရဲ့ နိုင်ငံရေး သဘောတူညီချက်၊ နိုင်ငံရေး သဘောဆန္ဒမပါတော့ အဲဒါတွေက ရေရှည်မှာ အဆင်ပြေမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။
TREND ။ ။ MNDAA ၊ TNLA တို့ရဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်လာတဲ့အပေါ် ဘယ်လိုသုံးသပ်မိလဲ။
UUTH ။ ။ စောစောက ပြောတဲ့အထဲမှာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အဓိက ကတော့ မြောက်ပိုင်းအခြေအနေတွေမှာ စစ်ရေးအသာ စီးယူမယ်၊ ပြီးရင် စကားပြောဖို့ လုပ်မယ်။ အဲဒီ အယူအဆနဲ့ သွားတာရှိတယ်။ AA လည်း အဲဒီအယူအဆပဲ။ အဓိကက သူတို့က နယ်မြေတွေ သိမ်းမယ်။ သိမ်းပြီးတော့ အဲဒီကနေတစ်ဆင့် သူတို့ရဲ့ Target ပေါ့။ သိမ်းလို့ရတာ အကုန်သိမ်းပြီးတော့ နိုင်ငံရေးစကားပြော မယ်ပေါ့။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ မြေပြင်မှာက တော်တော်လေးကို ထိခိုက်ဆုံးရှုံးမှာတွေ များနေတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ ရခိုင်မှာလည်း မြေကျန်ရင် ပြီးရောဆိုတဲ့ သဘောနဲ့ လုပ်နေကြတာ။ ဒါပေမဲ့ အဲဒါကို ပြန်ပြီး ဘယ်လို Development လုပ်ကြမှာလဲ စဉ်းစားလို့တောင်မရဘူး။ မြေကျန်ရင်ရပြီဆိုတဲ့ စကားက အမှန်တော့ ဒေသခံကို စည်းရုံးတာပေါ့။ အရင်တုန်းက NLD ကလည်း ပြောင်းလဲချိန်တန်ပြီ ဆိုပြီး စည်းရုံးခဲ့တာလေ။ အခုလည်း AA က ဘယ်လိုပဲဖြစ်နေဖြစ်နေ မြေကျန်ရင် ရပြီဆိုပြီး စည်းရုံးခဲ့တာ။ ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ ဆိုးကျိုးပဲ ခံနေရတာပဲလေ။ မြေကျန်မလား၊ ဘာကျန်မလဲတော့ မသိဘူး၊ ရခိုင်ရဲ့ လက်ရှိအခြေအနေက ပြည်သူတွေ ဒုက္ခရောက်ရ တာပေါ့။ ဒီအချိန်မှာ AA ရဲ့ တိုက်ခိုက်နေမှုတွေဟာ စစ်ရေးအရ နိုင်တယ်ဆိုပေမယ့် မြေပြင်မှာတော့ လူထုပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ခံစားနေရပြီ။ ဒါတွေက အဖြေမဟုတ်ဘူးလို့ပဲ သုံးသပ်မိပါတယ်။

တကယ်တမ်းဖြစ်သင့်ဝာာက နိုင်ငံရေးလမ်းကြောင်းနဲ့ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးသဘောတူညီမှုတွေရဖို့ စကားတွေ ပြောကို ပြောရမယ်။ ဆွေးနွေးတဲ့ အခါမှာလည်း တစ်ကြိမ် မဟုတ်၊ နှစ်ကြိမ် ဆိုတာမျိုး နိုင်ငံရေး သဘောတူညီမှုတွေရအောင် အကြိမ်ကြိမ် တွေ့ဆုံစကားပြောသင့်တယ်လို့ မြင်ပါတယ်။ ကြားနေရတာကတော့ TNLA ဆွေးနွေးပြီးရင် AA လည်း ဆွေးနွေးရေးဆိုတဲ့ အပိုင်းတွေတော့ ကြားနေရပါတယ်။ MNDAA တို့၊ TNLA တို့က ဖိအားကြောင့်လည်း ဆွေးနွေးတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပထဝီဝင်အနေအထား၊ နေရာဒေသအရကျတော့ သူတို့နဲ့ AA ကမတူဘူး။ သူတို့က မဟာမိတ်တွေဆိုတော့ အဲဒီအချက်တွေကို AA က စဉ်းစားလိမ့်မယ်လို့တော့ ထင်ပါတယ်။ MNDAA နဲ့ TNLA တို့ ရှေ့ဆက်သွားနေတဲ့ အနေအထားအပေါ်မှာ AA က စဉ်းစားမယ့် သဘောရှိတယ်လို့ မြင်ပါတယ်။ နောက်ဆုံး ဖိအားကြောင့် မဟုတ်တောင် AA မှာ တခြားအကြောင်းအရာ ရှိကောင်း ရှိလာမှာပါ။ အဓိက ကတော့ ပြည်သူကို ကြည့်ရမှာပေါ့။ ပြည်သူတွေ ထိခိုက်နေပြီ။ အရင်တုန်းကလည်း ပြည်သူကို ငဲ့ညှာပြီးတော့ အပစ်ရပ်စဲခဲ့တာတွေ ရှိတာပဲလေ။ အခုက ဒေသခံလူထု ဒုက္ခရောက်နေရတယ်။ ပျက်စီးဆုံးရှုံးမှုတွေ များနေတယ်။ ဒါကြောင့် ဗဗ အနေနဲ့ စဉ်းစားလာလိမ့်မယ်လို့ သုံးသပ်တာပါ။
TREND ။ ။ လက်ရှိရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဒေသခံရခိုင်လူထုရဲ့ စိတ်ခံစားမှုတွေအပေါ် ဘယ်လိုသုံးသပ်ချင်တယ်။
UUTH ။ ။ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ဒေသမှာကတော့ လုံခြုံရေး အခက်အခဲ၊ နေထိုင်စားသောက်မှု အခက်အခဲ တွေရှိတယ်။ စီးပွားရေးလမ်းကြောင်းတွေ၊ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်နေတော့ အကုန်အခက်အခဲတွေ ဖြစ်နေတယ်။ အဓိက တိုက်ပွဲတွေ ဖော်ဆောင်လာပြီဆိုရင် အဲဒီဒေသက မလုံခြုံတော့ဘူး။ အခုလောလောဆယ် စစ်တွေ ပတ်ဝန်းကျင်မှာ ဖြစ်နေတယ်လို့ သိရတယ်။ မြောက်ဦးတို့၊ ကျောက်တော်တို့၊ ပုဏ္ဏားကျွန်းတို့ ဘက်မှာလည်း ဟိုတလောတုန်းက ဖြစ်တယ်။ ဘူးသီးတောင်၊ မောင်တောဘက်တွေ ဆိုရင်လည်း ARSA အဖွဲ့တွေ ဆက်တိုက်လိုလိုကို ဖြစ်နေတာ။ ဒေသမတည် ငြိမ်ဘူးပေါ့။ ဒါကြောင့် ကျွန်တော်တို့ကတော့ တွေ့ဆုံ ဆွေးနွေးမှုကနေ နိုင်ငံရေးသဘောတူညီမှုရအောင် လုပ်စေချင်တာ၊ နိုင်ငံရေး နည်းလမ်းပဲ ဖြစ်စေချင်တာပါ။
နောက်တစ်ချက်က ဒေသခံလူထုရဲ့ အမြင်တွေ စိတ်ခံစားမှုတွေပေါ့။ ဒါကတော့ ရခိုင်ဒေသမှာ နဂိုကတည်းက ရှိလာကြတဲ့ Mindset တွေနဲ့ ဆိုင်တယ်လို့ သုံးသပ်မိပါတယ်။ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် တော်တော်ကို ပြင်းထန်ကြတာ။ အဲဒီသဘောသဘာဝတွေ ရှိကြတယ်။ တကယ့်ကို အသွေးထဲ အသားထဲကကို မျိုးချစ်စိတ်ဆိုတဲ့ ကိုယ့်လူမျိုးကို ကာကွယ်ရမယ်၊ ကိုယ့်လူမျိုးရဲ့ဒေသ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမယ်ဆိုတဲ့ စိတ်ခံစားမှုတွေ ရှိတယ်။ အဲဒီ စိတ်ခံစားမှုတွေနဲ့ လုပ်ကိုင် ဆောင်ရွက်လာကြလို့လည်း ရခိုင်ရဲ့အခြေအနေက ဒီအခြေအနေကြီး ဖြစ်နေတာပေါ့။ ဒါကြီးက တကယ့်တကယ်ဆုံးရှုံးမှု တွေ များလာရင်တော့ ဘာဖြစ်လာမလဲ မတွေးတတ်တော့ပါဘူး။ အဲဒီစိတ်ခံစားမှုကတော့ တော် တော်လေးကို ရခိုင်ဒေသခံကြားမှာ စိမ့်ဝင်နေတာ။ နောက်တစ်ချက်က ကျွန်တော်တို့ ရခိုင်ဒေသမှာက အခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ မတူဘူး။ အခြားတိုင်းနဲ့ ပြည်နယ်မှာ Revolution နဲ့ Political Party ဆိုတာ သူ့လမ်းကြောင်းနဲ့သူ သွားတာ။ ကျွန်တော်တို့ ရခိုင်ဒေသမှာကျတော့ Political Way နဲ့ Revolution Way ကို ပူးပစ်တာ။ အဲဒီလို ပူးလိုက်တဲ့အခါကျတော့ ပြည်သူတွေက တစ်ဖက်ကို ပါသွားတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အခြားတစ်ဖက်ကို ဘာမှမမြင်တော့တာမျိုး။ အဲဒီသဘောမျိုးပဲ။ ဥပမာ ရှမ်းတို့၊ ဘာတို့ဆိုရင် Political Party Wayက သူ့ဘာသာ သွားနေတာ။ နိုင်ငံရေးလမ်းကြောင်းက သွားနေကြတာ ရှိတယ်၊ လက်နက်ကိုင်ကလည်း လက်နက်ကိုင်အနေနဲ့ ရှိနေကြတယ်။ ရခိုင်မှာကြတော့ အဲဒီလို မဟုတ်ဘူး။ Revolution နဲ့ Political Way က ပူးလိုက်တဲ့ အခါကျတော့ တစ်ဖက်ကို ရောက်သွားတယ်။ ဒီဘက်တစ်ဖက်ကို စိတ်မဝင်စား တော့ဘူး။ နိုင်ငံရေးဆိုတာ အလကား ဖြစ်သွားပြီ၊ ပါတီဆိုတာ ဘာမှမဟုတ်တော့ဘူး။
TREND ။ ။ ရခိုင်ပြည်နယ် အခြေစိုက်ပါတီတွေ သုံး၊ လေးခုလောက် မှတ်ပုံတင်နေကြတာ ရှိတယ်။ UEC ရဲ့ မှတ်ပုံတင်ခွင့်ပြုချက်တွေလည်း ရထားကြပါပြီ။ ဒီပုဂ္ဂိုလ်တွေဆိုရင် Political Way ပဲ၊ Revolution ကို အားမပေးဘူး။ သူတို့ရဲ့ ရပ်တည်မှုတွေကို ဘယ်လိုသုံး သပ်မိလဲ။
UUTH ။ ။ အဲဒီလို ပုဂ္ဂိုလ်တွေ ကျန်ခဲ့ပါတယ်။ ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ အဲဒီလို ပုဂ္ဂိုလ်တွေက ဘေးရောက်သွားကြတယ်။ ကျွန်တော်တို့ဆိုရင် ခဏဖယ်ထားဦး၊ ရခိုင်အဝန်း အဝိုင်းကြားမှာပဲ အဲဒီလိုပုဂ္ဂိုလ်တွေက ဘေးကိုရောက်သွားကြ တာမျိုးရှိတယ်။ အဓိကကတော့ ပါတီဆိုတာ မလိုတော့ဘူးပေါ့။ ပါတီတွေ ထောင်တယ်၊ ဘာတွေ အကောင်အထည် ဖော်နိုင်မလဲဆိုတဲ့ အမြင်မျိုးတွေ ရှိကြတာပေါ့။ဆိုတော့ ရခိုင်ရဲ့ အခြေအနေမှာက နိုင်ငံရေးဆိုတာ ဘောင်ကျဉ်းနေတာ တင်မဟုတ်ဘူး ပျောက်ကို ပျောက်နေတာ။ ဒီပဋိပက္ခ အခြေအနေကြားမှာ ရခိုင်ပါတီတွေရဲ့ လှုပ်ရှားမှု အခန်းကဏ္ဍက ပျောက်နေသလို ဖြစ်နေပြီ လို့တောင်ပြောရမှာပါ။ နိုင်ငံရေးလမ်းကြောင်းတွေ ပြန် ပွင့်ဖို့က ကျွန်တော် မကြာခဏပြောတဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုနဲ့ နိုင်ငံရေးသဘောတူညီချက်တွေရမှပဲ ပြန်ပေါ်လာလိမ့်မယ်လို့ မြင်ပါတယ်။
TREND ။ ။ ရခိုင်မှာ ပါတီတစ်ခုအနေနဲ့ ရပ်တည်ဆောင်ရွက်နေတဲ့ အခြေအနေ ပြောပြပါဦး။
UUTH ။ ။ ကျွန်တော်တို့ပါတီရဲ့ မြို့နယ်တွေက ပေါက်တောရယ်၊ ကျောက်တော်ရယ်၊ မြောက်ဦးရယ်၊ ပုဏ္ဏားကျွန်းရယ်၊ ဘူးသီးတောင်ရယ်၊ စစ်တွေရယ်ပေါ့။ ပြီးတော့ ကျွန်တော်တို့က ကျွန်တော်တို့ လူမျိုးစုတွေကတော့ လူမှုသဟဇာတဖြစ်အောင် နေထိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ သဘောတရားပိုင်းဆိုင်ရာကိုလည်း ပြောထားပါတယ်။ ကျွန်တော်တို့က ဘယ်သူ့မှလည်း မတိုက်ခိုက်ဘူး။ ကျွန်တော်တို့ရဲ့ လူမျိုးစုနဲ့ပတ်သက်ပြီး အခွင့်အရေးအတွက် ရပ်တည်တာပဲ ဖြစ်တယ်။ ကျွန်တော်တို့က ရခိုင်မှာ နိုင်ငံရေးပါတီတည်ထောင်ပြီးတော့ ရာထူး၊ အာဏာ၊ နေရာရဖို့ ဆိုတာမျိုး ပါတီတည် ထောင်ခဲ့တာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့က ရခိုင်မှာ နိုင်ငံရေးပါတီ တည်ထောင်ထားတယ် ဆိုပေမယ့် ကျွန်တော်တို့ရဲ့ Political Space က ကျဉ်းပါတယ်။ လူနည်းစုလည်း ဖြစ်တယ်။ လူနည်းစုဆိုတာက ရခိုင်လူဦးရေ အချိုးအစားနဲ့ ကျွန်တော်တို့ လူမျိုးစုလူဦးရေ အချိုးအစား အများကြီး ကွာပါတယ်။ တစ်နိုင်ငံလုံးပေါင်းရင် လူဦးရေ တစ်သိန်းတောင် မပြည့်ဘူး။ ပြီးတော့ ကျွန်တော်တို့က နိုင်ငံရေးလုပ်တယ်ဆိုတာ Political Right ပဲ။ အဲဒါကို အဓိက Target ထားပြီး သွားတာ။ ဒါပေမဲ့ အခုလို နိုင်ငံရေးပဋိပက္ခ ဖြစ်နေချိန်မှာ ကြားမှာ ဖြစ်နေတာပေါ့။ အဲဒီသဘောသဘာ၀ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအရ ပြောပါဆိုရင် ရခိုင်ဒေသမှာ ခမီ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ Political Space က တော်တော်ကို ကျဉ်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သည် လူမျိုးတစ်မျိုး ဖြစ်တယ်။ နိုင်ငံသား လူမျိုးစုလည်း ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးပါတီတစ်ခု အနေနဲ့ ရပ်တည်နေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ခမီမျိုးနွယ်စု ပါတီအနေနဲ့ ဘာလှုပ်ရှားမှုမှ လုပ်လို့ မရသေးဘူး။ ပြီးတော့ ပါတီကြီးလည်း မဟုတ်ဘူးလေ။ ကျွန်တော်တို့မှာ ကိုယ့်ရဲ့လုံခြုံရေးအတွက် အသက်ကို ဉာဏ်စောင့်နေရတယ်။ နိုင်ငံ ရေးပါတီတစ်ခုအနေနဲ့ မှတ်ပုံတင်ထားတယ်။ ဒီလို ပါတီမှတ်ပုံတင်တာနဲ့ ပတ်သက်ပြီးပြောရရင် ကျွန် တော်တို့ မျိုးနွယ်စုပါတီကို မှတ်ပုံတင်တော့မယ့် အချိန်မှာ စဉ်းစားချက်တစ်ခု ရှိခဲ့တယ်။ အဲဒါက ANP ပါတီ မှတ်ပုံတင်မလား၊ မတင်ဘူးလား ကြည့်ရတာပေါ့။ ANP မှတ်ပုံတင်တဲ့အခါမှ ကျွန်တော်တို့က သွားတင်တာ။ အဲဒီအနေအထားမှာ ANP ကို UEC က Reject လုပ်ခဲ့တယ်။ ANP Reject ဖြစ်တော့ ကျွန် တော်တို့ပါတီ ရခိုင်မှာ လှုပ်ရှားမှု အကျပ်ရိုက်သွားခဲ့တယ်။ တကယ်လို့ ANP ပါတီမှတ်ပုံတင်ကျခဲ့ တယ်ဆိုရင် ကျွန်တော်တို့ပါတီအတွက် လှုပ်သာယိမ်းသာ ရှိမယ်လို့ အဲဒီတုန်းက စဉ်းစားခဲ့မိတာပါ။
TREND ။ ။ ANP ပါတီမှတ်ပုံတင်ကျ၊ မကျနဲ့ ခမီလူမျိုးစုပါတီရဲ့ ရပ်တည်ချက်က ဘယ်လို ဆက်စပ်မှုရှိနေလဲ။
UUTH ။ ။ အမှန်ကတော့ ရခိုင်နိုင်ငံရေး အခင်းအကျင်းမှာ အဓိကအားကြီးတာ ANP လေ။ ကျွန်တော်တို့ပါတီက ကိုယ့်လူမျိုးစုအတွက် ရပ်တည်လာတာ၊ Politics Right အတွက် အဓိကရပ်တည်တာ။ ရခိုင်မှာက ANP က အဓိကလို ဖြစ်နေတာဆိုတော့ သူ့ရဲ့ Political Process က ဘယ်လို သွားမလဲ၊ ရပ်မလား၊ ဆက် သွားမလား၊ လက်ရှိအခြေအနေမှာ ပါတီမှတ်ပုံတင်ပြီး ဆက်သွားမလား အဲဒီအခြေအနေကို စောင့်ကြည့်တာပါ။ အဲဒါလည်း ANP က အစည်းအဝေးတွေလုပ်ပြီး မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့တာ သူတို့ Register လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ပါတီလည်း Register လုပ်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့ပါတီပဲ မှတ်ပုံ တင်ကျခဲ့တာပေါ့။
TREND ။ ။ ANP ကို Reject လုပ်လိုက်တာက Revolution နဲ့ Political Way ပူးလိုက်တဲ့ အခြေအနေမျိုးကြောင့်လား ဘယ်လိုသုံးသပ်မိလဲ။
UUTH ။ ။ ANP က မှတ်ပုံတင်တဲ့ ကိစ္စကတော့ ပါတီနိုင်ငံရေးလမ်းကြောင်းက ရှိကို ရှိရမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီလို ယုံကြည်တဲ့ ခေါင်းဆောင်တွေ ANP ထဲမှာ ရှိတယ်။ နိုင်ငံရေး လမ်းကြောင်းကနေ သွားကို သွားရမယ်ဆိုတဲ့ သူတွေရှိတယ်။ ဒါကြောင့် Register လုပ်ခဲ့တာလို့ ထင်ပါတယ်။ ပြီးတော့ ANP နဲ့ ပတ်သက်ပြီးတော့လည်း အရင် UEC ဥက္ကဋ္ဌ လက်ထက်မှာရော၊ အခုဦး ကိုကို လက်ထက်မှာရော ပါတီတွေနဲ့တွေ့တုန်းက ANP ကို Register ချထား ပေးသင့်တယ်လို့ အကြုံပြုခဲ့ ဖူးပါတယ်။ လက်ရှိနိုင်ငံရေး အခြေအနေမှာ အပြောင်းအလဲဖြစ်ဖို့ ပြည်သူတွေ နိုင်ငံရေးကို စိတ်ဝင်စားဖို့၊ ပြည်သူတွေရဲ့ နှလုံးသားကို လှုပ်နှိုးနိုင်တဲ့ပါတီတွေပါဖို့ လိုအပ်တယ်ပေါ့။ ဥပမာ ရခိုင် မှာဆိုရင်လည်း အခြားပါတီတွေ Register ကျတာထက် ရခိုင်မှာရှိတဲ့ ANP Register ကျတာက ပိုကောင်းတယ်ပေါ့။ အဲဒီပါတီမှာရှိတဲ့ လူတစ်စုံတစ်ဦးက နိုင်ငံရေး ပုဒ်မတစ်ခုခုနဲ့ ငြိနေတယ်ဆိုရင် အဲဒီလူကို ဖယ်ထုတ်ပြီးတော့ ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့ ရွေးချယ်ဖွဲ့စည်းစေတာမျိုး၊ ပြီးတော့ အဲဒါကို Register ချပေးသင့်ကြောင်း အကြံပြု ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ANP က Reject ဖြစ်ခဲ့တယ်ပေါ့။ အဲဒီလို Reject ထွက်လာပြီး နောက်ပိုင်းမှာတော့ ANP ဘက်ကလည်း Register လုပ်ဖို့၊ မလုပ်ဖို့ဆိုတဲ့အပိုင်းတွေမှာ သူတို့မှာလည်း ဆွေးနွေးကြတာတွေ၊ ဝိဝါဒကွဲလွဲသွားတဲ့ အနေအထားတွေ ဖြစ်ခဲ့ကြတယ်လို့လည်း ကြားသိခဲ့ရပါတယ်။
TREND ။ ။ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ဖို့ ရပ်တည်နေတဲ့ ပါတီတာဝန်ရှိသူတစ်ဦးအနေနဲ့ နိုင်ငံကို ဘယ်လိုဖြစ်ချင်လဲ၊ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက်နဲ့ပတ်သက်ပြီး ဘာတွေလုပ်သင့်လဲ ဖြည့်စွက်ပြီး ပြောပေးပါဦး။
UUTH ။ ။ တစ်နိုင်ငံလုံးမှာ တိုင်းရင်းသား ၁၃၅ မျိုး ရှိတယ်။ အဲဒီအထဲမှာ အမျိုးအစားခွဲလိုက်လို့ရှိရင် အမျိုးအစား ငါးမျိုးရှိတယ်လို့ ပြောရမှာပါ။ အဲဒါက ဗမာတိုင်းရင်းသား၊ ပြည်နယ်ရရှိတဲ့ တိုင်းရင်းသား၊ ပြီးရင် EAO လက်နက်ကိုင်ရှိတဲ့ တိုင်းရင်းသား၊ ပြီးတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ တိုင်းရင်းသား၊ နောက်ဆုံး ၅ ကတော့ ဘာမှမရှိတဲ့ တိုင်းရင်းသားပေါ့။ အဲဒီနောက် ဆုံးတိုင်းရင်းသားက ကျွန်တော်တို့လို လူမျိုးစုတွေပဲ။ ကျွန်တော်တို့က EAO တွေလည်း မရှိဘူး။ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်ဘာမှ မရှိဘူး။ တစ်ကနေ လေးအထိ အမျိုးအစားလေးမျိုးက ဗမာတိုင်းရင်းသားတွေရယ်၊ ပြည်နယ်တွေ၊ EAO လက်နက်ကိုင်တွေ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်တွေရှိတဲ့စတဲ့ တိုင်းရင်းသားတွေပေါ့။ ရှင်းရှင်းပြောရရင် ဒီဟာတွေကျတော့ လူရာဝင်တယ်။ နံပါတ်(၅)မှာပါတဲ့ အမျိုးအစားတွေကျတော့ လူရာဝင်အောင် မနည်းရုန်းကန်နေကြရတယ်။ အဲဒီလို အနေအ ထားလို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော်တို့က လူမျိုးစုတစ်ခုလည်း ဖြစ်တယ်၊ လူဦးရေလည်း အရမ်းနည်း တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကျန်တဲ့ အရောင်အသွေးတွေ ဘာတစ်ခုမှ မရှိပါဘူး။
ဒီနိုင်ငံကိုလည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင် တယ်။ လက်ရှိ ပြည်သူတွေအားလုံး ကြုံတွေ့နေရတဲ့ အခြေအနေကြီးကို အမြန်ဆုံး လွတ်မြောက်စေချင်ပါပြီ။တိုင်းရင်းသားပြည်သူတွေ ပဋိပက္ခအခြေအနေ ဒုက္ခတွေကြားကနေ အမြန်ဆုံး လွတ်မြောက်စေချင်ပါပြီ။ နိုင်ငံတည်ငြိမ်အေးစေချင်ပါပြီ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ အဖြေရှာသင့်ပါပြီ။ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံရေးသဘောညီမှုတွေ ရရှိပြီးတော့ တရားဥပဒေ စိုးမိုးမှုတွေ ရှိလာစေချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကြီး အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီး ဖြစ်စေချင်ပါပြီ။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )