၂၀၂၃ ၊ ဇန်နဝါရီ ၁၈
ကသာမြို့နယ်၊ ကချင်စုကြီးကျေးရွာအနီးတွင် ပူးပေါင်းလုံခြုံရေးအဖွဲများမှ KIA/PDF အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက် ညနေ ၄နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ပူးပေါင်းလုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ကသာမြိုနယ်၊ ကချင်စုကြီးကျေးရွာအနီး၌ KIA/PDF အကြမ်းဖက်သောင်းကျန်းသူ များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အကြမ်းဖက်သောင်းကျန်းသူများ ထွက်ပြေး သွားခဲ့ပြီး ပူးပေါင်းလုံခြုံရေးအဖွဲများက လိုက်လံရှင်းလင်းခဲ့ရာ ၎င်းတိုထံမှ အလောင်း ၁ လောင်း၊ အာပီဂျီသေနတ် ၁ လက်၊ ယူနီဖောင်း ၂ စုံ၊ အိုင်ကွန် ၃ လုံး၊ အားသွင်းခုံ ၃ ခု၊ ကျောပိုးအိတ် ၂ လုံးတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။