၂၀၂၃ ၊ ဇန်နဝါရီ ၉
ကျောက်ကြီးမြိုနယ်၌ တပ်မတော်ယာဉ်တန်းအား KNU / အကြမ်းဖက်အုပ်စု PDF ပူးပေါင်းအဖွဲက လက်နက်ကြီး/ လက်နက် ငယ်/ Drop Bomb များဖြင့် တိုက်ခိုက်သဖြင့် ပြည်သူ၈ ဦး (ကျား ၄၊ မ ၄ ) ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။
ယမန်နေ့ ဇန်နဝါရီ ၈ ရက် နံနက် ၅နာရီခွဲအချိန်ခန့်က ညောင်လေးပင်ခရိုင် ကျောက်ကြီးမြိုနယ် ကျောက်ကြီး-နတ်သံကွင်း လမ်းအတိုင်း ကျောက်ကြီးဘက်သို ထွက်ခွာလာသည့် တပ်မတော်ယာဉ်တန်းအား KNU သကသ/အကြမ်းဖက်အုပ်စု PDF ပူးပေါင်းအဖွဲက နတ်သံကွင်း ၏အရှေ့မြောက်ဘက် ၁ မိုင် ခန့်အကွာ တံခွန်တိုင်ကျေးရွာရှိ ဘုံသရောတံတားအနီးမှ လက် နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ တပ်မတော်မှ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပြန်လည် ပစ် ခတ်ခဲ့၍ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် KNU / အကြမ်းဖက်အုပ်စု PDF ပူးပေါင်းအဖွဲများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ နှောကုန်း ကျေးရွာအတွင်းသို ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် နှောကုန်းကျေးရွာနေ ဒေါ်အုန်းကြည်(၅၀)နှစ်တွင် ဝဲပေါင် လက်နက်ကြီး စထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ နံနက် ၅နာရီ ၅၅မိနစ်အချိန်တွင် ၎င်းအဖွဲက Drone အသုံးပြု၍Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် (နတ်သံ ကွင်း)၏ အနောက်မြောက်ဘက် ၂ ဖာလုံ ခန့်အကွာ နတ်သံကွင်းကျေးရွာ (၄)ရပ်ကွက်ရှိ နေအိမ်ပေါ်သို Drop Bomb ၁ လုံး ကျရောက် ပေါက်ကွဲခဲ့၍ နတ်သံကွင်းကျေးရွာနေ ဦးစိုးထိုက်ဦး(၃၉)နှစ်တွင်နောက်ကျော / ယာလက်ကောက်ဝတ် ဗုံးစထိ မှန်ဒဏ်ရာ (မစိုးရိမ်ရ) နှင့် ဒေါ်ရွှေရုပ်လွှာတွင် နှာခေါင်းယာဘက်ဘေး ပြတ်ရှဒဏ်ရာ ၊ ဝဲလက်ညိုး /လက်ခလယ် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ နံနက် ၆နာရီ ၁၀မိနစ်အချိန်တွင် ကျောက်ကြီး၏ တောင်ဘက် ၃မိုင်ခန့်အကွာ သဲကုန်း ကျေးရွာအ ဝင်လမ်း ပေါ်သို Drop Bomb ၁ လုံး ၊ ၆နာရီမိနစ်၂၀ နာရီတွင် နတ်သံကွင်းအရှေ့ ဘက် ၃ ဖာလုံခန့်အကွာ နတ်သံကွင်း (၇)ရပ်ကွက်အတွင်းသို Drop Bomb ၁ လုံး၊၆နာရီ မိနစ် ၄၀တွင် သဲကုန်းကျေးရွာ အဝင်လမ်းပေါ်သို Drop Bomb ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးလူ/အဆောက်အဦ ထိခိုက်မှုမရှိခဲ့ကြောင်း၊ ယင်းနေ့ ၇နာရီ ၁၅မိနစ်အချိန်တွင် ကျောက်ကြီး၏ တောင် ဘက် ၁ မိုင်ခန့်အကွာ ဆိပ်ကြီးကျေးရွာသို Drop Bomb ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆိပ်ကြီးကျေးရွာနေသူ ဒေါ်ကြူ ကြူမာ(၃၉)နှစ်တွင် ယာလက်ဖျံရိုး ၂ချောင်း ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ဆိတ်ကြီးကျေးရွာနေသူ မောင်ရဲရင့်ဖြိုးပိုင် (၅)နှစ်တွင် နဖူးဗုံးစထိမှန်ဒဏ်ရာ (စိုးရိမ်ရ)၊ ညောင်လေးပင်မြိုနေသူ အောင်ကိုဝင်း(၃၈)နှစ် တွင် ယာပေါင် ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ညောင်လေးပင် မြိုနယ်နေသူ မောင်ရွှေထူး(၂)နှစ် တွင် နောက်ကျော ဗုံးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျောက်ကြီးမြို ပဲခူးရပ်ကွက် နေသူဒေါ်စံပါယ်ဦး(၂၅)နှစ်တွင် နောက်ကျော ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရသည်။
ယင်းနေ့ ၇နာရီခွဲတွင် ဦးစိုးထိုက်ဦးနှင့် ဒေါ်ရွှေရုပ်လွှာ တိုအား နတ်သံကွင်းတိုက်နယ် ဆေးရုံသို လည်းကောင်း၊၈နာရီခွဲတွင် ဒေါ်အုန်းကြည်ပါ ၆ ဦးအား ကျောက်ကြီး မြိုနယ်ပြည်သူ့ဆေးရုံသို လည်းကောင်း ပိုဆောင်ထား ရှိခဲ့ပြီး ၉နာရီအချိန်တွင် ဒဏ်ရာရရှိသူများအနက် ဒေါ်ကြူကြူမာ၊ မောင်ရဲရင့်ဖြိုးပိုင်၊ မောင်ရွှေထူး တိုအားတောင်ငူခရိုင် ပြည်သူ့ဆေးရုံသို လွဲပြောင်းပေးခဲ့ကြောင်းသိရသည်။