ကျောက်ကြီးမြိုနယ်၌ ဆိပ်ကြီးကျေးရွာ(မြိုဝင်/ထွက်)စစ်ဆေးရေးဂိတ်အား အကြမ်းဖက်သမားများက လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် အရပ်သား ပြည်သူ နှစ်ဦး ဒဏ်ရာရ

၂၀၂၃၊ဇန်နဝါရီ ၃၀

ဇန်နဝါရီ  ၂၈ရက် ညပိုင်းတွင်  ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြိုနယ် ဆိပ်ကြီးကျေးရွာအနီးရှိ ဆိပ်ကြီး(မြိုဝင်/ထွက်)စစ်ဆေးရေးဂိတ်အား အကြမ်းဖက်အုပ်စု  PDF/KNU များမှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် ပူးပေါင်းအဖွဲမှ ပြန်လည်ပစ်ခဲ့ရာ ည၁၀ နာရီခန့်တွင် အပစ်ရပ်ခဲ့ပြီး အဆိုပါ အကြမ်းဖက်အုပ်စုသည် ရွာကြီးအင်းကျေးရွာဘက်သိုဆုတ်ခွာသွားခဲ့သည်။ 

 အကြမ်းဖက်အုပ်စု ပစ်ခတ်ခဲ့သော လက်နက်ကြီးဗုံးသီး ၁ လုံးသည် မအူပင်ဆိပ်ကျေးရွာအတွင်းသိုကျရောက်ပေါက်ကွဲခဲ့၍ ဦးဇင်လင်းဦးတွင် လည်ပင်းယာဘက်လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)နှင့် ဇနီးဖြစ်သူ ဒေါ်ပွင့်ဖြူလတ်(၃၁)တွင် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို အသီးသီးရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား ကျောက်ကြီးမြိုနယ်ပြည်သူ့ဆေးရုံသိုပိုဆောင်ကုသခဲ့ပြီး ဦးဇင်လင်းဦး အား ကျောက်ကြီးမြိုနယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသိုလွှပြောင်း၍ ဆေးကုသလျက်ရှိကြောင်း သိရသည်။a

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43402

© 2022 - 2025 News. All Rights Reserved.