ကျောက်ကြီးမြိုနယ်၌ အကြမ်းဖက်အုပ်စု PDF/KNU များ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား နင်းမိ၍ အမျိုးသား ၁ ဦး ဒဏ်ရာရရှိမှု

၂၀၂၃ ၊ ဇန်နဝါရီ ၈ 

ယမန်နေ့ ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီအချိန်က ညောင်လေးပင်ခရိုင် ကျောက်ကြးမြိုနယ်၏ တောင်ဘက် ၅ မိုင်ခန့်အကွာ စဝင်ကျေးရွာနေ ဦးဖိုးအောင်(၆၆)နှစ် ဗသည် ၎င်း၏နေအိမ်မှ တောင်ဘက် ပေ ၂၀ ခန့်အကွာရှိ ခြံအပြင်သို ရောက်ရှိနေသည့် ကြက်များအား ခြံအတွင်းသိုသွင်းရန်သွားရောက်မောင်းစဉ် အကြမ်းဖက်အုပ်စု PDF/KNU အင်အား(စိစစ်ဆဲ)များ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ဦးဖိုးအောင် တွင် ဝဲ/ယာခြေကျင်းဝတ်ပြတ်ဒဏ်ရာ ၂ ချက်၊ မေးစေ့ပေါက်ပြဲဒဏ်ရာ ၁ ချက် (စုစုပေါင်းဒဏ်ရာ ၃ ချက်) (စိုးရိမ်ရ)ရရှိခဲ့ ကြောင်း သိရသည်။

ထိုကြောင့် ဦးဖိုးအောင်အား ယင်းနေ့ ညနေ ၆ နာရီတွင် မုန်းတိုက်နယ်ဆေးရုံမှတစ်ဆင့် ဖြူးမြိုနယ်ပြည်သူ့ဆေးရုံသို ပြောင်းရွှေကုသရန်ထွက်ခွာခဲ့ရာ ၆နာရီခွဲအချိန်တွင် ရောက်ရှိဆေးကုသလျက်ရှိကြောင်း သိရသည်။

Total Views ~ 214

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43101

© 2022 - 2025 News. All Rights Reserved.