ကျောက်တော်မြိုနယ်၊ ကစ္ဆပသီရိအဝေးပြေးကားဂိတ်၊ စိုက်ပျိုးရေးလမ်းဆုံတိုတွင် ခရီးသည်တင်ယာဉ်နှင့် အိမ်စီးယာဉ်များအား ULA/AA လက်နက်ကိုင်အဖွဲက ၂၀၂၃ ခုနှစ်အတွက် အခွန်ငွေကောက်ခံရန် စာရင်းကောက်ယူခြင်းနေ

၂၀၂၃ ၊ ဇန်နဝါရီ ၈ 

ကျောက်တော်မြိုနယ်၊ ကစ္ဆပသီရိအဝေးပြေးကားဂိတ်၊ စိုက်ပျိုးရေးလမ်းဆုံတိုတွင် ကျောက်တော်-စစ်တွေ၊ ကျောက်တော်-မြောက်ဦးဘက်သိုထွက်ခွာမည့် ခရီးသည်တင် ယာဉ်နှင့် အိမ်စီးယာဉ်များအား ULA/AA လက်နက်ကိုင်အဖွဲက ၂၀၂၃ ခုနှစ်အတွက် အခွန်ငွေကောက်ခံရန် စာရင်းကောက်ယူခြင်းနေကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၈နာရီခွဲခန့်တွင် ကျောက်တော်မြိုနယ်၊ င/တပေါင်း ကျေးရွာအုပ်စု၊ သရက်အုပ်ရွာသစ် ကျေးရွာ၏မြောက်ဘက် ၄ ဖာလုံခန့်အကွာ ကျောက်တော်- ဘူးသီးတောင်ကားလမ်းဟောင်းအနီးတွင် ULA/AA လက် နက် ကိုင်အဖွဲမှ ဖွင့်လှစ်ထား သော ဒေသအာဏာပိုင်ရုံးမှ နိုင်ငံရေးမှူးအဆင့်ရှိ ဦးကျော်ဇောဝေ(မြိုသစ်ရပ်ကွက်)၊ ဒေသအာဏာ ပိုင်အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမောင်ထွန်းခိုင်(ပြည်တော်သာရပ်ကွက်)ပါ ၈ ဦးအဖွဲသည် မော်တော်ဆိုင်ကယ် ၄ စီးဖြင့် ကျောက်တော်မြိုသိုရောက်ရှိလာခဲ့ပြီး ကစ္ဆပသီရိအဝေးပြေးကားဂိတ်၊ စိုက်ပျိုးရေးလမ်းဆုံတိုတွင် ကျောက်တော်- စစ်တွေ၊ ကျောက်တော်-မြောက်ဦးဘက်သိုထွက်ခွာမည့် ခရီးသည်တင်မှန်လုံယာဉ်၊ Hijet အမျိုးအစား မော်တော်ယာဉ်၊ အိမ်စီး မော် တော်ယာဉ်၊ တရားဝင်လိုင်စင်မရှိသော မော်တော်ယာဉ် များအား စာရင်းကောက်ခံခဲ့ပြီး ၂၀၂၃ ခုနှစ်အတွက် အခွန်ကောက်ခံရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

၎င်းအဖွဲသည် ကျောက်တော်-စစ်တွေခရီးသည်တင်မှန်လုံမော်တော်ယာဉ် ၁ စီးလျှင် ၁ နှစ်တာအခွန်ငွေကျပ် ၁၂၀,၀၀၀ အားလည်းကောင်း၊ Hijet အမျိုးအစား မော်တော်ယာဉ် ၁ စီးလျှင် ၁ နှစ်တာအခွန်ငွေကျပ် ၆၀,၀၀၀ အားလည်းကောင်း၊ အိမ်စီး မော်တော်ယာဉ် ၁ စီးလျှင် ၁ နှစ်တာအခွန်ငွေကျပ် ၅၀,၀၀၀ အားလည်းကောင်း၊ တရားဝင်လိုင်စင်မရှိသော မော်တော်ယာဉ် ၁ စီးလျှင် ၁ နှစ်အတွက် အခွန်ငွေကျပ် ၈၀,၀၀၀ အားလည်းကောင်း ပေးဆောင်ရန် စာရင်းကောက်ခံပြီး ၁၀၀၀ နာရီခန့်တွင် ၎င်းတိုအဖွဲသည် လာရာလမ်းအတိုင်း ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

Total Views ~ 190

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43101

© 2022 - 2025 News. All Rights Reserved.