ကျောက်တော်မြိုနယ်၊ ကွမ်းအုံချောင်းကျေးရွာ၊ တရုတ်မင်းတောင်စေတီရင်ပြင်တွင် AA လက်နက်ကိုင်အဖွဲမှ စိုးမိုးထားမှုအပေါ် ရခိုင်ပြည်နယ်လူထုတွေ့ဆုံပွဲတစ်ရပ်ပြုလုပ်

၂၀၂၃ ၊ ဇန်နဝါရီ ၁၆

ကျောက်တော်မြိုနယ်၊ ကွမ်းအုံချောင်းကျေးရွာ၊ တရုတ်မင်းတောင်စေတီရင်ပြင်၌ ULA/AA လက်နက်ကိုင်အဖွဲမှ စိုးမိုးထားမှုအပေါ် ရခိုင် ပြည်နယ်လူထုတွေ့ဆုံပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက် မွန်း လွဲ ၁ နာရီခန့်တွင် ကျောက်တော်မြိုနယ်၊ ကွမ်းအုံချောင်းကျေးရွာ ၏အ နောက်ဘက် ၁ မိုင်ခန့်အကွာ တရုတ်မင်းတောင်စေတီရင်ပြင်၌ လက်ရှိULA/AA လက်နက်ကိုင်အဖွဲမှ စိုးမိုးထားမှုအပေါ် ရခိုင်ပြည် သူလူထုခံစားချက်များကိုလွတ်လပ် စွာဖွင့်ဟပြောဆိုနိုင်ရေးအတွက် ရခိုင်ပြည်နယ်လူထု တွေ့ဆုံပွဲတစ်ရပ်ပြုလုပ်နိုင်ရန် ကျောက်တော်မြိုနယ်၊ သင်္ကနက်ကျေးရွာရှိ မေတ္တာနဒီပရဟိတဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးသံဝယမှဦးဆောင်၍ ပွဲဖြစ်မြောက်ရေးအ တွက် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို ULA/AA လက်နက်ကိုင်အဖွဲမှ ကျောက်တော်မြိုနယ်၊ နိုင်ငံရေးမှူး ဦးကျော်ဇောဝေ၊ ကြောင်ဖိုတရားရုံးအဖွဲမှ နယ်မြေမှူး ဇော်ကြီး၊ကျောက်တော်မြိုပြအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမောင်ထွန်းခိုင်နှင့်ကျောက်တော်မြိုရှိပရဟိတအသင်းအဖွဲအစည်းများ၊ မြိုမိ/ဖများ၊ ရပ်မိ/ရပ်ဖများ စုစုပေါင်း ၃၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မေ တ္တာနဒီပရဟိတဘုန်းတော်ကြီးကျောင်းဆရာတော် ဦးသံဝယထံမှ ဩဝါဒခံယူခြင်း၊ သင်္ကနက်ကျေး ရွာရှိ မေတ္တာနဒီဘုန်းတော်ကြီးကျောင်းဝန်းနှင့် တရုတ်မင်းတောင်စေတီရင်ပြင်တိုကို ဆွေးနွေးပွဲပြု လုပ်မည့်နေရာများအဖြစ် သတ် မှတ်ခြင်း၊ ရခိုင်ပြည်နယ်ရှိ မြိုနယ် ၁၇ မြိုနယ်၊ ချင်းပြည်နယ်၊

ပလက်ဝမြိုနယ်၊ မြိုနယ်ပေါင်း ၁၈ မြိုနယ်တိုမှ တစ်မြိုလျှင် မြိုပေါ်/ရပ်ကွက်/ကျေးရွာများမှ လူ ၅ ဦးခန့်စီအား ဖိတ်ကြားသွားရန်၊ ဆွေး နွေးပွဲပြုလုပ်ချိန်အတွင်းလက်ကိုင်ဖုန်းယူဆောင်ခွင့်မပြုရန်၊ ဆွေးနွေးပွဲသို တက်ရောက်လာကြသူများအားထမင်းဖြင့် ဧည့်ခံကျွေးမွေးမည့်အစီအစဉ်၊ ဆွေးနွေးပွဲအား ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်ထိ ကျင်းပမည့်အစီအစဉ် ရေးဆွဲခြင်း၊ ULA/AA လက်နက်ကိုင်အဖွဲမှ တ ရားရေးဆိုင်ရာဆုံးဖြတ်ဆောင်ရွက်နေမှု၊ နယ်မြေခေါင်းဆောင်များ၏ နယ်မြေများအလိုက် လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများအား ပြည်သူ့ရင်ဖွင့်သံများအဖြစ် ထည့်သွင်းဆွေးနွေးနိုင်ရန် တိုကို ဆွေးနွေးသွားနိုင်ရေး ဆုံးဖြတ်ခဲ့ကြပြီး ၁၄၃၀ နာရီခန့်တွင် ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ပြီး ULA/AAလက် နက်ကိုင်အဖွဲဝင်များအပါအဝင် တက်ရောက်လာသူများမှဆိုင်ကယ်များဖြင့် ၎င်းတိုလာရာလမ်းအတိုင်း အသီးသီးပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43200

© 2022 - 2025 News. All Rights Reserved.