ချောင်းဦးမြိုနယ်တွင် အကြမ် ဖက်အုပ်စု PDF အဖွဲ့ ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် ခရီးသည်တင် Express ယာဉ်မောင်း အမျိုးသား ၁ ဦး နှင့် ခရီးသည်အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိ

၂၀၂၃ ၊ ဇန်နဝါရီ ၉

ချောင်းဦးမြိုနယ်တွင် အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့်ခရီးသည် တင် Express ယာဉ်မောင်း အမျိုး သား ၁ ဦး နှင့် ခရီးသည်အမျိုးသ မီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ယမန်နေ့ ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က  မုံရွာခရိုင် မုံရွာမြိုနယ် ပြည်သူ့ဆေးရုံ၌ မိုင်းစထိမှန်ဒဏ်ရာဖြင့် အမျိုးသား၁ ဦးနှင့် အမျိုးသမီး ၁ ဦး ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာတာ၀န်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ  ဒဂုံမြိုသစ် (ဆိပ်ကမ်း)မြိုနယ်နေသူဦးဇော်မြင့်နိုင် (၄၉)နှစ်မှာ  မေးစေ့ဝဲဘက်မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)နှင့်  မုံရွာမြိုမြိုသစ်ရပ်ကွက် နေသူမခင်ပြည့်စုံမိုး (၃၀)နှစ် တွင် ယာလက်ဖဝါး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စိစစ်ရာ ၈ နာရီတွင် ဦးဇော်မြင့်နိုင် မောင်းနှင်သော Famous ခရီးသည်တင် ယာဉ်သည် ခရီးသည် ၁၉ ဦး(ကျား ၁၀၊ မ ၉)အား တင်ဆောင်၍ ရန်ကုန်မှ မုံရွာသို ထွက်ခွာလာဉ် မန္တလေး-မုံရွာကားလမ်း ချောင်းဦးမြိုနယ် မမစ(ချောင်းဦး)၏ မြောက်ဘက် ၂ မိုင်ခန့်

အကွာ မြိုသစ်ရပ်ကွက်နှင့် ချောင်းဦးမြိုနယ် ငါးယုန်ကျေးရွာကြား ခမ GV ၃၇၇၂၈၃ အရောက်၌ လမ်း၏ဝဲဘက်ခြမ်းမှ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသော လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ယာဉ်မောင်း ဦးဇော်မြင့်နိုင် နှင့် ခရီးသည် မခင်ပြည့်စုံမိုး တို ၂ ဦးတွင် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီး ကားဝဲဘက်ခြမ်းဘေး လေကာမှန် ၁ ချပ်၊ ဘေးလေကာမှန် မိုင်းစထိမှန် ပျက်စီးခဲ့ကြောင် ခဲ့ခြင် ဖြစ်ကြောင်း သိရသည်။

Total Views ~ 183

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43136

© 2022 - 2025 News. All Rights Reserved.