ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊အ မှတ်(၂)ရပ်ကွက် (သ မိုင်းဘူတာအနီ)ဗဟိုလမ်းတွင် တည်ရှိသည့် ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပထမအကြိမ် သင် ကြား/စီမံဆရာများ၏ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့(ဖေဖော်ဝါရီ ၁၉ )မှစတင်ကာ ၃ရက်တိုင်တိုင် ကျင်းပမည် ဖြစ် သည်။
ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပထမအကြိမ် သင်ကြား/စီမံဆရာများ၏ သုတေသနစာတမ်းဖတ်ပွဲအခမ်း အနား ပထမနေ့အဖြစ် ယနေ့တွင် နမော တဿ - သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး စာတမ်းဖတ်ပွဲ ဘဘာပတိဆရာတော်များအဖွဲ့ကိုယ်စားနိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ မန္တလေး၊ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တကေသရ (အဂ္ဂမဟာပဏ္ဍိတ)၏ထံတော်မှ သာရဏီယဩဝါဒကထာ နာယူခြင်း၊ဆေကဝတီ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဒေါက် တာဘဒ္ဒန္တဝိနယာလင်္ကာ ရ (အဂ္ဂမဟာပဏ္ဍိတ)၏ထံတော်မှ သမ္မောဒနီယကထာ နာယူခြင်း ကျင်းပကာ ဆေကဝတီ ဗုဒ္ဓတက္က သိုလ် ဒုတိယပါမောက္ခချုပ်ဆရာကြီးဒေါက်တာဒေါ်ဆေကဝတီ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)ကစာတမ်းဖတ်ပွဲနှင့်စပ်လျဉ်း၍ ရှင်း လင်းလျှောက်ထားခဲ့သည်။
ထို့နောက်သုသေတနစာတမ်းဖတ်ပွဲ အစီအစဉ်ကို စတင်ခဲ့ပြီး ပထမဦး ဆုံးအနေဖြင့် နံနက်ပိုင်းတွင် သုတ္တန္တပိဋကဌာနမှ (ပါမောက္ခ/ဌာနမှူး)ဒေါက်တာအရှင်ဂုဏိဿရိယက "သဟဓမ္မိက ဗုဒ္ဓသမီးတော်များ " ၊သုတေသနနှင့်ကျမ်းပြုဌာန၊ ပါဠိစာပေဌာန (ပါမောက္ခ/ဌာနမှူး) ဒေါက်တာအရှင်အရိယဝံသမှ "ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်မှသည်သာသနာ့နွယ်ဝင် သီလရှင်များ ၏အနာဂတ်ပညာရေးခရီးလမ်းဆီသို့" စသည့်ခေါင်းစဉ်များဖြင့် စာတမ်းများ ဖတ်ကြားခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင်လည်း ၊ပါဠိစာပေဌာန (ကထိက)အရှင်ဇောတိသဒ္ဓမ္မပါလမှ "ဝိနည်းမဟာဝဂ်၊ မဟာခန္ဓကလာအာချာတ် ကြိယာများကို လေ့ လာခြင်း" ၊မြန်မာစာဌာန (ပါမောက္ခ/ဌာနမှူး)ဒေါက်တာအရှင်သာဓိနမှ “ဗုဒ္ဓဘာသာမြန်မာလူမျိုးများ စီးပွားဥစ္စာဆင်းရဲရခြင်းမှာ ဗုဒ္ဓဓမ္မကြောင့်ဖြစ် သည်”ဟူသောစကား မှန်မမှန် ဗုဒ္ဓဓမ္မကိုအခြေခံ၍ လေ့ လာခြင်း ၊မြန်မာစာဌာန(ကထိက) အရှင်ဉာဏဓဇမှ "ယောနိသော မနသိကာရသည်အကောင်းမြင်ဝါဒလား၊ အမှန်မြင်ဝါဒလား" ၊မြန်မာစာဌာန(ကထိက) အရှင်သဇ္ဇနမှ " ဗုဒ္ဓသာသနာ တည်တံ့ခြင်းမှသည် ပြန့်ပွားခြင်းဆီသို့"၊ အဘိဓမ္မပိဋကဌာန(တွဲဖက်ပါမောက္ခ) ဒေါက်တာကျော်စိုးမှ "ဗုဒ္ဓအလိုတော်ကျ ဗုဒ္ဓ ဘာသာဝင်ဖြစ်ပြီလား" စသည့် ခေါင်းဉ်များဖြင့် စာတမ်းများ အသီး သီး ဖတ်ကြားမည် ဖြစ်သည်။
သင်ကြား/စီမံဆရာများ၏ တစ်ပါးချင်းစီ သုတေ သနစာတမ်းဖတ်မှု ပြုလုပ်ပြီးလျှင် စာတမ်းဖတ်ပွဲ ဘဘာပတိဆရာတော်များက ထိုစာတမ်းအပေါ် သုံးသပ်ခြင်း၊အကဲဖြတ်ခြင်း၊ကောက်ချက်ချခြင်းများ ပြုလုပ်ကာ စာတမ်းနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းခြင်းများလည်း ပါ၀င်သည်။
သုတေသနစာတမ်းဖတ်ပွဲအခမ်း အနား ဒုတိယနေ့ဖြစ်သည့် ဖေ ဖော်ဝါရီ ၂၀ ရက်နေ့တွင် ပါဠိစာပေဌာန(ကထိက)အရှင်မာနိတမှ"ပရိယတ္တိပညာရေးအပေါ် ရှုမြင်မှုများ"၊ အဘိဓမ္မပိဋကဌာနမှ (တွဲဖက်ပါ မောက္ခ) ဒေါက်တာအရှင်ပညာဝေဓ"အဘိဓမ္မာပိဋကတ်၏ သဘော တရားပိုင်းဆိုင်ရာနှင့်ကျမ်းဂန်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံကိုလေ့လာသုံးသပ်ခြင်း"၊ အင်္ဂလိပ်စာဌာန(ကထိက)အရှင်ပညိန္ဒမှ "ကနန်းဒေသိယ ဘာသာရေးဓလေ့သုံးစကားလုံးများနှင့် ဆိုင်ရာဓလေ့များ" ၊ပါဠိစာပဌာန(ကထိက)အရှင်ကဝိသေနာဓိပတိမှ "အနုဂ္ဂဟနှစ်ပါးဖြင့် သာသနာပြုပုံကိုလေ့လာတင် ပြခြင်း" ၊အင်္ဂလိပ်စာဌာန (ပါမော က္ခ/ဌာနမှူး)ဒေါက်တာအရှင်ဝါသဝမှ "ခေတ်အဆက်ဆက် သာသနာတော် တိုးတက်လာပုံဆုတ်ယုတ်လာပုံတို့ကို လေ့လာတင်ပြခြင်း" ၊ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာန(တွဲဖက်ပါမောက္ခ)ဒေါက်တာအရှင်နိပကာလင်္ကာရမှ " An Approach to Buddhist attitude towards Education and its impact on Myanmar society " ၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာန(ပါမောက္ခ/ဌာနမှူး
)ဒေါက်တာအရှင်ဘိက္ခုဉာဏိန္ဒ မှ "သာသနာပြုရာဝယ် နည်းဗျူဟာကျကျ ချဉ်းကပ်ခြင်း" ၊အင်္ဂလိပ် စာဌာန(ကထိက)အရှင်ဣန္ဒကမှ" The Role of Metta in Social Development " စသည့် ခေါင်းစဉ်များဖြင့် စာတမ်းများ ဖမ်းကြားမည် ဖြစ်ပြီး သု တေသနစာတမ်းဖတ်ပွဲ အောင်ပွဲ အခမ်းအနားကို ဖေဖော် ဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။