ညောင်ခါးရှည်X-Ray စက်တွင် ပူးပေါင်းလုံခြုံရေးအဖွဲ များမှ ယာဉ်များအား စစ်ဆေးစဉ် ခရီး သည်တင်ယာဉ်တစ်စီစပေါ်မှ PDF အကြမ်းဖက်သောင်းကျန်းသူများအတွက် ဝတ်စုံများသယ်ဆောင်လာသူတစ်ဦးကို ဖမ်းဆီးရမိ

၂၀၂၃ ၊ ဇန်နဝါရီ ၃၁ 

ဝေါမြိုနယ်၊ ညောင်ခါးရှည်ကျေး ရွာအနီးရှိ X-Ray စက်၌ ပူးပေါင်းလုံခြုံရေးအဖွဲ များမှ ယာဉ်များစစ် ဆေးစဉ် ကျိုက်ထိုမြိုမှဝေါမြိုဘက်သို မောင်းနှင်လာသည့် ခရီး သည်တင်ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်တွင် PDF အကြမ်းဖက်သောင်းကျန်းသူ များအတွက် ဝတ် စုံများသယ်ဆောင်လာသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက် နံ နက် ၉နာရီခွဲခန့်တွင် ဝေါမြိုနယ်၊ ညောင်ခါးရှည်ကျေးရွာ အနီးရှိ X-Ray စက်၌ ပူးပေါင်းလုံခြုံရေးအဖွဲများမှ ဖြတ်သန်းသွားလာသော ယာဉ် များအား စစ်ဆေးခြင်းဆောင်ရွက်စဉ် ကျိုက်ထိုမြိုမှဝေါမြိုဘက်သို ယာဉ်မောင်း မောင်မောင်ဌေး မောင်းနှင်လာသည့် KIA BANGO အမျိုးအစား၊ ခရီးသည်တင်ယာဉ်အမှတ်၊ DD-4748 အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် နိုင်လင်းထွန်း မင်္ဂလာဒုံမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ၏ အနက်ရောင်ကျောပိုးအိတ်အတွင်းမှ ပြောက် ကျားဦးထုပ် အဝိုင်း ၁၀ လုံး၊ ပြောက်ကျားလျှာထိုးဦးထုပ် ၁၀ လုံး၊ ပြောက်ကျားပုခက် ၁၀ လုံး၊ အနက်ရောင်ပစ္စတိုအိတ် ၁ လုံး၊ အညိုရောင်ကျောပိုးအိတ်အတွင်းမှ အစိမ်းရောင် ပြောက်ကျားဝတ်စုံ ၁၀ စုံတိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိတရားခံအား စစ်ဆေးချက် များအရ ၎င်းသည် ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလတွင် ဧရာ ဝတီတိုင်းဒေသကြီး၊ ရေကြည် မြို နယ်၊ စက်စက်ယိုကျေးရွာ၌ ဝရိန်ဆော်သည့်လုပ်ငန်း သွားရောက်လုပ်ကိုင်စဉ် ၎င်း ကျေးရွာ၌နေထိုင်သည့် လရောင်နှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း သိရသည်။

လရောင်သည် PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲဝင် ၁ ဦးဟုသိရှိရပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် တွင် လရောင်၏ခေါ်ဆောင်မှုဖြင့် ၎င်းတို၏စခန်းနေရာသို လိုက်ပါသွားခဲ့ပြီး စက်စက်ယိုကျေးရွာ၏အနောက်ဘက်ရှိ ကျင်းကြီးကျေးရွာသို ဆိုင်ကယ်ဖြင့်သွား ရောက် ၍ ၎င်းကျေးရွာနေ ဇော်ဝင်းဆိုသူ၏နေအိမ်၌ ညအိပ်တည်းခိုခဲ့ကြောင်း သိရသည်။

ထိုနောက် ဒီဇင်ဘာလ ၁၃ ရက်တွင် ဆက်လက်ထွက်ခွာခဲ့ရာ ကျောက်ကြမ်းဟုခေါ်သည့် တောတွင်းသို ရောက်ရှိ၍ ၎င်းတိုနေထိုင်သည့်စခန်းရှိပြီး အမျိုးသား ၉ ဦးခန့်ရှိကြောင်း သိရပြီး။၎င်းတို ၉ ဦး အနက် ကိုစော၊ ဖထီး၊ အမန်းတို၏ အမည်များကိုသာသိရှိပြီး ကျန်လူများမှာ သွား/ပြန် ပြုလုပ်နေသူများဖြစ်၍ အမည်များသိရှိခြင်းမရှိကြောင်း၊ အဆိုပါစခန်းနေရာ၌ ၁၀ ရက် ခန့်နေထိုင်ခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်တွင် စက်စက်ယိုကျေးရွာသို လရောင်နှင့်အတူ ပြန်လာခဲ့ပြီး ဝရိန်ဆော်သည့်လုပ်ငန်း ဆက် လက်လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် လရောင်မှ PDF အကြမ်းဖက်ဝတ်စုံများ သယ်ယူရမည်ဖြစ်ပြီး သယ်ယူပေးနိုင်မလားဟု မေးမြန်းခဲ့ရာ မှတ် ပုံတင်မရှိကြောင်း ပြန်လည်ပြောကြားခဲ့ရာ လရောင်မှ မှတ်ပုံ တင်ပြုလုပ်ပေးမည်ဟု ပြောကြားခဲ့သဖြင့် သွားရောက်သယ်ယူပေး ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် စက်စက်ယိုကျေးရွာမှ ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်ရှိ အောင်မင်္ဂလာကားဝန်းသို သွား ရောက်ခဲ့ ကြောင်း၊ ကားဝန်းသိုရောက်ရှိချိန်တွင် လရောင်စေလွှတ်လိုက်သည့် အမျိုးသား ၁ ဦး ရောက်ရှိလာ၍ မှတ်ပုံတင်အတုအားပေးအပ်ခဲ့ပြီး အေးချမ်းသာခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် သင်္ဃန်းညီနောင်မြိုသို ရောက်ရှိခဲ့ပြီး လရောင်၏ဖုန်းနံပါတ်၊ ၀၉၂၅၁၁၂၇၀၅၄ သို ဆက်သွယ်ခဲ့ရာ ၎င်းမှ သင်္ဃန်းညီနောင်မြို၊ ချစ်ကြည်ရေးဆီဆိုင်ရှေ့ရှိ မက္ကာစတိုး(ပြောက်ကျားဝတ်စုံ၊ မိုး ကာ၊ ပုခက်ရောင်း ဝယ်သည့်ဆိုင်)၌ PDF အကြမ်းဖက်ဝတ်စုံများ ယူ ဆောင်ခိုင်းခဲ့သဖြင့် ယူဆောင်ခဲ့ပြီး ခရီးသည်တင်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် ဥပဒေအရအရေးယူနိုင်ရေး စစ် ဆေးလျက်ရှိကြောင်း သိရသည်။


Total Views ~ 201

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43402

© 2022 - 2025 News. All Rights Reserved.