တရုတ်-မြန်မာ ကောင်းမွန်သည့် ဆက်ဆံရေးကို ပုံစံပြောင်းချင်သည့် လုပ်ဆောင်မှုများ ရှိလာနိုင်ကြောင်း သတိပေး

နေပြည်တော်၊ သြဂုတ် ၂၁
    တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အပြီး အမေရိကန်နှင့် မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကြား ဆွေးနွေးမှုများရှိလာပြီး တရုတ်-မြန်မာဆက်ဆံရေးကို ပုံစံပြောင်းသည့် လုပ်ဆောင်မှုများ ရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်၊ စီးပွားရေးလေ့လာသုံးသပ်သူ ဦးရန်လင်းကျော်က ပြောသည်။ 
    ဆွေးနွေးချက်တွေက ၃၇ ချက်ရှိတယ်။ ဘင်္ဂလားဒေ့ရှ်က ဝန်ကြီးချုပ် ပြေးတက်ပြေးဆင်း လုပ်သွားကတည်းက တရုတ်ကလာမယ်ဆိုတာ ခန့်မှန်းပြီးသား။ ဒီ တစ်ခေါက်လာတဲ့ လာခြင်းက မြန်မာပြည် အတွက် ကောင်းသောလာခြင်းပါ။ သီတင်းမကျွတ်ခင်မှာ တချို့ကိစ္စလေးတွေ ကောင်း သွားမှာပါ။ အပြုသဘောဆောင်တဲ့ ကိစ္စတွေ အများကြီးပါတယ်။ မဲခေါင်-လန်ချန်း အလွတ်သဘော ဆွေးနွေးချက်တွေလည်း ကြည့်ရမယ်။ ထိုင်းမှာလည်း နိုင်ငံရေးက အလှည့်အပြောင်းရှိတယ်။ ထိုင်းဘက်က တခြားကိစ္စတွေလည်း အဆင်ပြေသွားမှာပေါ့။ နယ်စပ်ကုန်သွယ် ရေးမှာ ဒီလမ်းကို ပြန်ပြီးတော့ သုံးဖို့ဆိုတာရယ်၊ အခြားငွေကြေးဆိုင်ရာ ကိစ္စရပ်တွေလည်း ပါလာဦးမယ်။ မြန်မာပြည်အ တွက်ကတော့ ကောင်းတယ်။ သံခင်း၊ တမန်ခင်းရဲ့အချက်ကို ကိုင်ပြီးတော့ စနစ်တကျသာ လုပ် ဆောင်သွားမယ်ဆိုရင် လမ်းကြောင်းမှန်ပေါ် ရောက်သွားမှာ ပါ။ ဟိုဘက်က ကောင်တွေက တရုတ်-မြန်မာဆက်ဆံရေးကို ပုံပြောင်းဖို့အတွက် Issue တွေ စထုတ်နေပြီ။ အထိမခံနိုင်တဲ့ စကား လုံး အသုံး အနှုန်း ဝါဒဖြန့်ချိရေးတွေကို သူတို့ဘက်က လုပ်နိုင်တယ်။ အဲဒီအနေအထား မဖြစ်အောင် ထိန်းထိန်း သိမ်းသိမ်းသွားရမှာ။ ဒီပွဲကတော့ ကိုယ်တွေဘက်က အသာစီးရတဲ့ပွဲပဲ။ ဒီကောင်တွေဘက်က ပို့တဲ့ Message တွေက Version ပြောင်းမှာပဲ။ အမေရိကန်ဘက်ကလည်းပြောင်းမှာပဲ။ သူ့အကျိုးစီးပွားအတွက် သူလည်း တိုက်ကွက်ဖော်မှာပဲ"ဟု ၎င်းကပြောသည်။ 
    တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ နေပြည်တော်ခရီးစဉ်သည်  မြန်မာပြည်အတွက် အပြုသဘောဆောင်တဲ့ ကောင်းခြင်းဟု ယူဆရပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များလည်း မကြာမီ ပြန်လည်ပွင့်လင်းလာနိုင်ကြောင်း ဦးရန်လင်းကျော်က ပြော သည်။ 
    "မြန်မာ-တရုတ် ကုန်သွယ်ရေးနဲ့ ပတ်သက်ရင် ဆွေးနွေးမှုအချက်တွေထဲမှာ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေလည်းပါမယ်။ အရွေ့အပြောင်းတစ်ခု လုပ်တဲ့အချိန်မှာ အချိန်လေးတော့ နည်းနည်း ပေးရမယ်။ ပျက်ခဲ့စဉ်အချိန်ကလည်း နေ့ချင်းညချင်း ပျက်ခဲ့တာမဟုတ်ဘူး။ တရုတ်ကြီးက သူချိုးတဲ့တံ တားသူပြန်ဆောက်မယ်။ သူဖျက်တဲ့ မြို့သူပြန်ပြင်မယ့် အနေအထားမှာရှိတယ်။ ပေါ်လစီ၊ မူဝါဒတွေပေါ့။ သူ့ဘက်ကစပြီး လှုပ်ရမှာဗျ။ နယ်စပ်ကုန်သွယ်ရေးအတွက် သူဘယ်လို ပြန်လုပ်ပေး မလဲ။ ငွေကြေးပိုင်း တွေလည်းပါမယ်။ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို လက်ကိုင်ထားတာကိုး။ အဲဒီတော့ အာဆီယံ-လန်ချန်း ဘုံသဘောထား မူဝါဒဘယ်လိုထွက်လာမလဲ မြန်မာပြည်နဲ့ပတ် သက်လို့ ဘယ်လို ထွက်လာမလဲဆိုတဲ့ ထုတ်ပြန်ချက်တွေက အရေးကြီးတယ်။ ကျွန်တော်တို့က Ready ပြင်ထားရမယ်။ ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းထားရမယ့် ကိစ္စတွေလည်း ရှိတယ်။ ကျွန်တော်တို့ဆီမှာ တခြား အရှုပ် ထုပ်တွေကလည်း ရှိနေတာကိုး။ ဟိုဘက်က ဖွင့်ပေးတဲ့အချိန် ကိုယ့်ဘက်က အဆင်သင့် ဖြစ်နေ ဖို့ အရေးကြီးပါတယ်။ ပြတ်သားစရာ ရှိတာပြတ်သား၊ လုပ်စရာရှိတာ လုပ်ရမှာပေါ့ဗျာ။ လုံခြုံစိတ်ချရတဲ့ အခြေအနေတစ်ခု ရောက်ပြီဆိုရင် ကုန်စည်စီးဆင်းမှုက သူ့အလိုလိုဖြစ်လာမှာပါ"ဟု ၎င်းကပြောသည်။ 
    တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ နေပြည်တော် ခရီးစဉ်အပြီး အမေရိကန်နှင့် မြန်မာအစိုးရကို ဆန့်ကျင်သည့်  အဖွဲ့အစည်းအင်အားစုများအကြား မြန်မာ့အရေး ဆွေးနွေးမှုများရှိလာကြောင်း ပြည်တွင်း သတင်းဌာနတချို့က ဖော်ပြထားသည်။ 
    "ကရင်ပြည်နယ်က လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထိုင်းဘက်ကတော့ လက်နက် အင်အား၊ ငွေအင်အား ထောက်ပံ့ပေးတာ ဘာမှမရှိဘူး။ စီးပွားရေးအရတော့ ကျောထောက် နောက်ခံပေးတာ၊ ထိုင်းဘက်မှာ နိုင်ငံသားမှတ်ပုံတင်ခွင့်ပေးတာ အဲဒီလို မျိုးတော့ရှိတယ်။ ကျားဖျန့် နှိမ်နင်းရေး တွေ ဆိုရင် ထိုင်းဘက်က EAOs တွေနဲ့ မျက်နှာအပျက်ခံပြီး ပြင်းပြင်းထန်ထန် လုပ်တာမျိုးတွေရှိတယ်။ အမေရိကန်နဲ့ အွန်လိုင်းတွေ့ ဆုံမှုလုပ်တဲ့ KNU ရဲ့ ဌာနချုပ်နေရာကလည်း ဦးပဉ္စင်းတို့နဲ့ သိပ်မဝေးဘူး။ ခန်မှန်းမီတာ တစ်သောင်းဝန်းကျင်မှာ ရှိတယ်။ အဓိက KNU နဲ့ ဆွေးနွေးသွားတာ။ ပါဝင်တာ ငါးဖွဲ့ ပါတယ်"ဟု ကရင်ပြည်နယ် ငြိမ်းချမ်းရေး သဘာဝတရားရိပ်သာ ဆရာတော်၊ ငြိမ်းချမ်းရေး တက် ကြွလှုပ်ရှားသူ အရှင်သုန္ဒရက မိန့်သည်။ 
    သြဂုတ် ၁၅ ရက် အွန်လိုင်းတွေ့ဆုံပွဲကို အမေရိကန်ဘက်က နိုင်ငံခြားရေး အတိုင်ပင်ခံ တွမ်ဆူလီဗန် အမေရိကန်နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (USAID) ဒုတိယ အကြီးအကဲ  မီရှဲလ်ရှီဖ်ဖာတို့ တက်ရောက်ခဲ့ကြပြီး NUG မှဒူဝါလရှီးလ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ပဒိုစောတောနီး၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် NUCC က တက်ရောက်ခဲ့ကြကြောင်း သိရသည်။
    အဆိုပါ တွေ့ဆုံမှုသည် တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ နေပြည်တော်ခရီးစဉ်အပြီး အချိန်ကိုက်တွေ့ဆုံမှုဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားကြသည်။ 
ကွန်းဈာန်

Total Views ~ 171

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43817

© 2022 - 2025 News. All Rights Reserved.