ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ရစဖမှူး ၁ ဦး ဒဏ်ရာရရှိ

၂၀၂၃ ၊ ဖေဖော်ဝါရီ ၁၃

ယမန်နေ့( ဖေဖော်ဝါရီ ၁၂)ညနေ ၆နာရီ အချိန် ဒဂုံမြိုသစ်ခရိုင် ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ် (၂၂)ရပ်ကွက် မြတ်လေး(၈) လမ်းထောင့်၌ ရာအိမ်မှူး ၁ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း သတင်းအရ သက်ဆိုင်ရာတာ၀န်ရှိသူများ ပါ၀င်သော ပူးပေါင်းအဖွဲကသွားရောက်စိစစ်ခဲ့ရာ ဦးဟန်စိုးထွန်း(၄၃)နှစ်  ကွေ့မရပ်ကွက် ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်နေသူသည် လမ်းလျှောက်လာစဉ် မြတ် လေး(၈)လမ်းထောင့်အရောက်တွင် Felling 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်ဒူးကာမပါ ယာဉ်အမှတ်(စိစစ်ဆဲ)အားစီးနင်းလာသော အမျိုးသား ၂ ဦးအနက် နောက်မှစီးနင်း လာသူ အမျိုးသားမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းသို ပစ်ခတ်ခဲ့မှုကြောင့် ဦးဟန်စိုးထွန်း ၌ ဝဲခြေသလုံး၊ ဝဲတံကောက်ကွေး နှင့် ဝဲရင်အုံအောက်တိုတွင်ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး ပတ်ခတ်မှုဖြစ်ပွားသည့် နေရာမှ 9 MM USA LUGER ကျည်ခွံ ၂ ခုနှင့် 9MM TUAI ARMY ကျည်ခွံ ၂ ခုတိုတွေ့ရှိသိမ်းဆည်း ခဲ့ကြောင်း သိရပြီး ဒဏ်ရာရရှိသူ ဦးဟန်စိုးထွန်းအား ဆရက(၁/၁၀၀၀)သိုပိုဆောင်ခဲ့ ကာ  သေနတ်ဖြင့်ပစ်ခတ်သွားသူများအား သက်ဆိုင်ရာမှ ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Total Views ~ 176

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43335

© 2022 - 2025 News. All Rights Reserved.