နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)လျှောက်ထားခြင်းအတွက် Online Appointment System ဖြင့် ရက်ချိန်းရယူခြင်း ယနေ့ (ဖေဖော်ဝါရီ ၂၄) စတင် လျှောက်ထားနိုင်ပြီ

၂၀၂၃ ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံကူးလက်မှတ်များလျှောက်ထားခြင်းအတွက် Online Appointment System ဖြင့် ရက် ချိန်းရယူခြင်းကိုယနေ့ (ဖေဖော်ဝါရီ ၂၄) နေ့မှ စတင်၍ https://www.passport.gov.mm/ ဝက်ဆိုဒ်သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထတ်ပေးရေးအဖွဲ့ကအသိပေးကြေညာထားသည်။
ရက်ချိန်းရယူရာတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခ ကျပ်သုံးသောင်းခွဲ (၃၅၀၀၀ကျပ်)ကို အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့်တစ်ပါ တည်း ပြုလုပ်ရမည်ဟုလည်း အသိပေးထားသည်။
ယခင် Online Booking စနစ်ဖြင့် ရယူထားသောရက်ချိန်းများကိုပယ်ဖျက်လိုက်သည့်အတွက် Online Appointment System အသစ်ဖြင့် ရက်ချိန်းအသစ်ပြန်လည်ရယူရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က အသိပေးထားသည်။

Total Views ~ 183

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43335

© 2022 - 2025 News. All Rights Reserved.