Breaking

နိုင်ငံတကာမီဒီယာများ ဖော်ပြခြင်းမရှိသည့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို မက်စထရစ် တက္ကသိုလ်ကျောင်းသား ကိုယ်စားလှယ်များကို ရှင်းလင်းပြောကြား

၂၀၂၄၊ မတ်  ၂၀
    နိုင်ငံတကာ မီဒီယာများဖော်ပြခြင်းမရှိသည့် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများကို မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့သို့ လာရောက်လေ့လာသည့် နယ်သာလန်နိုင်ငံ၊ မက်စထရစ်တက္ကသိုလ်၊ Political Economy Society (PES) Maastricht မှ ကျောင်းသား ကိုယ်စားလှယ်များအား မြန်မာသံအမတ်ကြီးက လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
    မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် မြန်မာသံရုံးသို့ လာရောက် လေ့လာခဲ့သည့် နယ်သာလန်နိုင်ငံ၊ မက်စထရစ်တက္ကသိုလ်၊ Political Economy Society (PES) Maastricht မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ ကျောင်းသားကိုယ်စားလှယ်များကို လက်ခံတွေ့ ဆုံခဲ့ကြောင်း သိရသည်။
    တွေ့ဆုံမှုတွင် မြန်မာသံအမတ်ကြီးက ၎င်းအနေဖြင့် နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ ယခုကဲ့သို့ နယ်သာလန်နိုင်ငံ၊ မက်စထရစ်တက္ကသိုလ်မှ နိုင်ငံရေးနှင့် စီးပွားရေးပညာ နယ်ပယ်၌ ဘွဲ့လွန်ပညာရပ်များ လေ့လာဆည်း ပူးလျက်ရှိသော ကျောင်းသားကိုယ်စားလှယ် များနှင့်တွေ့ဆုံ၍ နိုင်ငံတကာမီဒီယာများတွင် ဖော်ပြခြင်း မရှိသည့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မြင်ကွင်းကျယ်ရှုထောင့် (Holistic View) မှ ရှင်း လင်းပြောကြားမှု ပြုရသည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။ 
    ထို့နောက် မြန်မာသံအမတ်ကြီးသည် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အချက်အချာကျမှု၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး၊ လတ်တလော နိုင်ငံရေးဖြစ် ပေါ်တိုးတက်မှုများနှင့် စိန်ခေါ်မှုများ၊ အီးယူ-မြန်မာ ဆက်ဆံရေးနှင့် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြော ကြားခဲ့သည်။ PES Maast-richt  မှ ကျောင်းသားကိုယ်စားလှယ်များကလည်း ၎င်းတို့အနေဖြင့် ယခုကဲ့သို့ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့သို့ လာရောက်၍ မြန်မာနိုင်ငံကဲ့သို့ အရှေ့တောင်အာရှနှင့် တောင်အာရှအကြား တံတားတစ်စင်းသဖွယ် အချက်အချာကျသည့်နေရာတွင် တည်ရှိနေပြီး ဖွံ့ဖြိုးမှု အလားအလာ များစွာရှိသည့် နိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများအကြောင်းကို လေ့လာခွင့်ရရှိသည့်အတွက် ကျေးဇူး တင်ဝမ်းမြောက်ပါကြောင်း ပြောကြားကာ မြန်မာနိုင်ငံ၏ ပထဝီတည်နေရာနှင့် တိုင်းရင်းသားလူမျိုး စုများအရေးနှင့် သိလိုသည်များကို မေးမြန်းခဲ့ကြသည်။ 
    PES Maastricht သည် နယ်သာလန်နိုင်ငံ၊ မက်စထရစ်တက္ကသိုလ်မှ နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် စီးပွားရေးပညာလေ့လာလိုက်စားသူ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများက ဖွဲ့စည်း၊ လှုပ်ရှားဆောင် ရွက်လျက်ရှိသည့် ပညာရပ်ဆိုင်ရာ အသိုက်အဝန်း တစ်ခုဖြစ်ပြီး Maastricht Journal of Politics & Economics (MJPE) ကိုလည်း တည်ထောင်ထားပြီး ၎င်းင်းတို့၏ ဝက်ဘ်ဆိုဒ်မှ တစ်ဆင့် ပညာရပ်ဆိုင်ရာ သုတေသနနှင့် အတွေးအမြင်ဆောင်းပါးများကိုလည်း ရေးသားထုတ်ဝေလျက်ရှိကြောင်း သိရသည်။

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43949

© 2022 - 2025 News. All Rights Reserved.