နေပြည်တော် ၊ ဇန်နဝါရီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ မြန်မာ နိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအ မတ်ကြီး H.E. Mr. Mubarak M A Aladwani က ယနေ့ (ဇန်နဝါ ရီ ၂၄ ရက်)နံနက် ၁၀ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံ၍ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။



ယင်းသို့တွေ့ဆုံစဥ် မြန်မာ-ကူဝိတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတိုးမြှင့်ရန်၊ နှစ်နိုင်ငံချစ် ကြည်ရင်းနှီးမှုဆိုင်ရာနှင့်ချစ် ကြည်ရေးခရီးစဉ်များအပြန် အလှန်လည်ပတ်ရေး၊ကုန် သွယ် မှုမြှင့်တင်ရေးတို့ကို ဆွေး နွေးခဲ့ကြပြီးမြန်မာ-ကူဝိတ် နှစ်နိုင်ငံခရီးသွားလုပ် ငန်းများတိုးတက်ရေးအတွက်ပူး ပေါင်းဆောင်ရွက်ရန်နှင့် မြန်မာ နိုင်ငံ၏ လက်ရှိနိုင်ငံရေဆိုင်ရာ ဖြစ်ပေါ်တိုးတက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


