၂၀၂၃ ၊ ဇန်နဝါရီ ၈
နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးကွန်ရက်(အထက်ဗမာပြည်အဖွဲ) ညှိနှိင်းအစည်းအဝေးကို ယမန်နေ့ဇန်နဝါရီလ ၇ ရက် နံနက် ၉နာရီခွဲမှ နံနက် ၁၀နာရီခွဲ ထိ မန္တလေးမြို၊ ချမ်းမြသာစည် မြိုနယ်၊ ဘုရားကြီးအလယ်တိုက်၊ ဒက္ခိဏာရာမကျောင်းတိုက်တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး ကွန်ရက်(အထက်ဗမာပြည်အဖွဲ)ဥက္ကဋ္ဌ ဦးရွှေထူးမှဦးဆောင်လျက် အဖွဲဝင် ၂၈ ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ပြည်တွင်းမတည်ငြိမ်မှုများနှင့်ပတ်သက်၍ နိုင်ငံရေးသမားအချို ပြည်ပသိုတိမ်းရှောင်သွားသည့်ကိစ္စ၊မြေပြင်တွင်လှုပ်ရှားနေသည့် လူထုဖော်ဆောင်ရေးလုပ်ငန်းများကိုလည်း စနစ်တကျ ကျင့်သုံးသွားရန်လိုအပ်ကြောင်း ကိစ္စရပ်များကို ကို ဆွေးနွေးကြကြောင်း သိရသည် ။
ထိုအပြင် ယခုအခါ အဆုံးသတ်ရန်ခက်ခဲလှသော နိုင်ငံကိစ္စရပ် များအကြား မိမိတိုသည်လည်း သတိထား၍ အခက်အခဲများစွာတိုကို ကျော်ဖြတ်ရန်မည် ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးသည် နောင်ဆယ်စုနှစ်တစ်ခုအထိ ရွေ့လျားသွားရန် အရိပ်အငွေ့များစွာ တွေ့မြင်နေရကြောင်း၊ ပြည်တွင်း/ပြည်ပ နိုင်ငံရေးလှုပ်ရှားနေမှု များကို ဖြေလျော့စေပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုများကို ပူးပေါင်းကြရန် တိုက်တွန်း လိုကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်အချိုကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။