နေပြည်တော်၊ စက်တင်ဘာ ၂၅
အစိုးရရုံးဌာနများ အခြေစိုက်ရာ နေပြည်တော်တွင် အိမ်ခြံမြေ အငှားဈေးကွက်အေး၍ ရွာမြေများ အရောင်းအဝယ် ဖြစ်နေကြောင်း နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
လတ်တလော အခြေအနေအရ အိမ်အငှားဈေးကွက်တွင် သင့်တင့်မျှတသည့် ဈေးတန်းတစ်ခု မဟုတ်ဘဲ ဈေးနှုန်းမြင့် တက်ခြင်း၊ ရွေးချယ်စရာ အခွင့်အလမ်းနည်း ပါးခြင်းများ ဖြစ်ပေါ်နေကြောင်း ရွှေလာဘ်ကောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇေယျာထက်ဝင်းက ပြောသည်။
"ပျဉ်းမနားဘက်မှာ ရေဘေးရှောင်တွေကတော့ ငှားကြတယ်။ အငှားဈေး ကွက်က ရှိတော့ရှိနေတယ်။ ကောင်းတဲ့ အိမ်မရှိတော့ဘူး။ ဈေးကလည်း တအားတက်သွားတယ်။ သင့်တင့်မျှတတဲ့ ဈေးတန်း မဟုတ်တော့ဘဲနဲ့ အိမ်ရှားမှန်းသိတော့ အိမ်ပိုင်ရှင်တွေက ဈေးကိုတင်ကြတာ။ ရွေး ချယ်စရာ နည်းတော့လည်း ရှိတဲ့ဟာကိုပဲ ခေါ်တဲ့ဈေးနဲ့ ယူကြရတာ။ အဲဒီလိုမျိုးတွေ ဖြစ်နေတာ။ အငှားကတော့ အစားစားရှိတယ်။ ဒါပေမဲ့ အရင်တုန်းကဈေးထက် ထက်ဝက်လောက် တက်သွားတယ်။ ပေးရ တဲ့ဈေးနဲ့ ရတဲ့အရည်အသွေးနဲ့က ကွာဟ တယ်။ အရည်အသွေးကျတယ်။ ဈေးခေါ် ကြတာကတော့ ြေျအနမ ခန်း၊ ဗငမခသည ပါတဲ့ အပေါ်မူတည်တယ်။ အခု ၅၀၀၀၀၀ ဆိုတာ တောင်ရှားသွားပြီ။ မရှိသလောက် ဖြစ်သွားပြီ။ အငှားဈေးကွက်ကတော့ ဖြစ်တယ်။ ဈေးက များသွားတယ်။ တိုက်ခန်းတွေက တော့ အလွတ်မရှိသလောက်ဘဲ မရှိတော့ ဘူး။ ငှားဖို့မရှိတော့ ဈေးပေးပြီး ငှားရသလို ဖြစ်နေတာ။ မတန်တော့ဘူးပေါ့။ ဒီဈေးနဲ့ ဒီအရည်အသွေးက ကိုယ်တိုင်ဆို မယူတော့ ဘူး။ စောင့်နိုင်တဲ့ လူအတွက်က ပြဿနာမရှိ ဘူး။ မဖြစ်မနေငှားရတော့မယ့် လူတွေကျ တော့ ဈေးပေးပြီးငှားရတာ"ဟု ၎င်းကပြော သည်။
အရောင်းအဝယ်အနေဖြင့် နေပြည်တော် ရွာမြေကွက်များ တစ်နိုင်တစ်ပိုင် ရာဂဏန်း၊ ထောင်ဂဏန်းဝန်းကျင် အရောင်းအဝယ်ဖြစ်နေကြောင်း ဦးဇေယျာ ထက်ဝင်းက ပြောသည်။
"အရောင်းအဝယ်က ဖြစ်တယ်။ သုံးပုံတစ်ပုံလောက် ဖြစ်နေတယ်။ ရပ်ကွက် ထဲကအကွက်တွေ မဖြစ်ဘူး။ ရွာထဲကမြေကွက်တွေ ဖြစ်နေတယ်။ တစ်နိုင်တစ်ပိုင် တစ်ထောင်ဝန်းကျင်၊ တစ်ထောင်စွန်း စွန်းတွေဖြစ်တယ်။ အများစုက ရာဂဏန်းလေးတွေ ဖြစ်နေတယ်။ တစ်နိုင်တစ်ပိုင်လေးတွေ အရောင်း အဝယ်ဖြစ်နေပါတယ်။ အရင်တုန်း ကလောက်တော့ အရောင်းအဝယ် မဖြစ်တော့ဘူး။
ဈေးကွက်က အေးတယ်။ ဝယ်ရောင်းတွေလည်း သိပ်မလုပ်တော့ဘူး။ အဝယ်မဆင်းတော့ဘူး။ တရုတ်တွေလည်း မရှိ တော့ဘူး။ ပြေးတဲ့သူပြေးကုန်ပြီ။ အကုန်ကျပ်တယ်လေ။ ရေဘေးနဲ့လည်း ဆိုင်တယ်။ ရေဘေးဖြစ်တာကတော့ အရောင်းအဝယ် ဖြစ်တဲ့နေရာတွေမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ရွှေဈေးကလည်း ပြန်ကျတယ်။ ရွှေဘက်ကို ပြန်လှည့်သွားတာလည်း ဖြစ်နိုင် တယ်။ ရန်ကုန်မှာ တော့ အရောင်းအဝယ် အတော်ဖြစ်နေတယ်။ မြောက်ဒဂုံဘက်မှာ ဖြစ်နေတယ်။ နေပြည်တော်မှာတော့ ပါးတယ်။ ရေဘေးကြောင့် လူတွေကလည်း စိတ်သောကရောက်နေကြတော့ အိမ်ခြံမြေနဲ့ ပတ်သက်တာတွေလည်း လိုင်းပေါ်သိပ်မတင်ကြဘူး။ ဝယ်ရောင်းတွေလည်း မလှုပ်ကြဘူး။ လှူတာတန်းတာပဲ လုပ်နေကြတာ"ဟု ၎င်းကပြောသည်။
ယခုလ စက်တင်ဘာအတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့ အိမ်ခြံမြေအရောင်း အဝယ်ဈေးကွက်ကို နှိုင်းယှဉ်ကြည့်ပါက ရန်ကုန်မြို့က သာ၍ အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေဈေးကွက် စောင့်ကြည့် လေ့လာသူတစ်ဦးက ပြောသည်။
"နေပြည်တော်မှာ အရောင်းအ ဝယ်ပါးပြီး ရန်ကုန်မှာ သွားဖြစ်နေတာက ရန်ကုန်ကိုလူတွေ အာရုံစိုက်လာကြတာလည်း ဖြစ်နိုင်ပါတယ်။ နေပြည်တော်ကျတော့ ရန်ကုန်ကမဟုတ်တဲ့ လူတွေလောက်ပဲ လာဝယ်ကြတာ။ စစ်ရှောင်တွေလောက်ပဲ နေပြည်တော်ကို လာကြတာ။ ရန်ကုန်နဲ့ နေ ပြည်တော်ဆိုရင် နေပြည်တော်က ဒုတိယရွေးချယ်စရာ ဖြစ်နေတာပေါ့။ ရန်ကုန်ကို ဦးစားပေးရွေး ချယ်ကြတယ်။ ကျွန်တော် တို့က အရောင်းအဝယ် အရမ်းကြီးသွက်နေ တာကိုလည်း သဘောမကျဘူး။ ပါးနေတာကိုလည်း သဘောမကျဘူး ပုံမှန်လည်ပတ် နေတာကိုပဲ သဘောကျတယ်။ ပုံမှန်ဈေးနှုန်းနဲ့။ ဈေးနှုန်းကတော့ အတက်အကျတော့ရှိ မှာပါ"ဟု ၎င်းကပြောသည် ။
လတ်တလော အခြေအနေအရ ရန်ကုန်မြို့တွင်လည်း အိမ်ငှားခဈေးနှုန်းများ ဆက်လက် မြင့်တက်လာနေပြီး လခနည်းဝန်ထမ်းများနှင့် အခြေခံပြည်သူများ အပါအဝင် အိမ်ငှားရမ်းနေထိုင်ရ သူများ အခက်တွေ့နေကြောင်း ရန်ကုန်အိမ်အငှားဈေးကွက်အတွင်းမှ သိရသည်။
ရန်ကုန်မြို၏ အိမ်ငှားရမ်းခဈေး နှုန်းများသည် ဆင်ခြေဖုံးရပ်ကွက်များ အတွင်း ယခုလပိုင်း၌ ကျပ်နှစ်သောင်းမှ ကျပ်ငါးသောင်းနီးပါးအထိ မြင့်တက်လာခဲ့ပြီး လူစည်ကားသည့် မြိုနယ်အတွင်း ရပ်ကွက်များ၌ အိမ်ငှားရမ်းခ ကျပ်သိန်းဂဏန်းနီးပါးထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ ကွန်းဈာန်