၂၀၂၃ ၊ ဇန်နဝါရီ ၁၈
နောင်ချိုမြိုနယ်၊ အိုရီယမ်တယ်တိုးလ်ဂိတ်တွင် MNDAA သောင်းကျန်းသူအဖွဲမှ ထွက်ပြေးလာသည့် တပ်သားအဆင့်ရှိသူ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲ ၁ခန့်တွင် သတင်းအရ ပူးပေါင်းလုံခြုံရေးအဖွဲ များသည် နောင်ချိုမြိုအဝင် အိုရီယမ်တယ်တိုးလ်ဂိတ်၌ ဖြတ်သန်းသွားလာသော ယာဉ်များပေါ်တွင် တရားမဝင်လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများပါရှိမှုရှိ/မရှိ အား ရှောင်တခင်စစ်ဆေးစဉ် လားရှိးမြိုဘက်မှနောင်ချိုဘက်သို ယာဉ်မောင်း ဦးကျော်ဆွေလင်း၊ ရေဦးမြိုနေသူမောင်းနှင်လာသည့် ယာဉ်အမှတ်၊ MDY-1S/4649 ဂျိမ်းဖောသူယာဉ်လိုင်းမှ ခရီးသည်ယာဉ်အားရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် MNDAA သောင်းကျန်းသူအဖွဲ၊ တပ်မဟာ(၂၁၁)၊ ရင်း(၂၀၂)မှ ထွက်ပြေးလာသည့် တပ်သားအဆင့်ရှိ စိုးသူ(ခ)ကျားဝင်ချိ ၃၄ နှစ်(ဘ)ဦးရန်ကွေဖူ၊ ခိုလုံလီရှော/ဗုဒ္ဓ၊ လှိင်ဆမ်စစ်ကျေးရွာ၊ ကွတ်ခိုင်မြိုနယ်နေသူနှင့် တပ်သားအဆင့်ရှိ ခိုင်ရွှေ ၃၃ နှစ်(ဘ) ဦးလှမောင်၊ ခိုလုံလီရှော/ဗုဒ္ဓ၊ ၃၈ မိုင်၊ မန်ပြိန်းကျေးရွာ၊ ကွတ်ခိုင်မြိုနယ်နေသူတို ၂ ဦး အား လက်နက်မဲ့ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ MNDAA သောင်းကျန်းသူ ၂ ဦးအား သက်ဆိုင်ရာမှီဥပဒေအရအရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။