ပြည်ထောင်စုတစ်ဝန်းလုံးတွင်စည်းရုံးရန် ပါတီမှတ်ပုံတင်ထားပြီး UECမှ မဲဆန္ဒနယ်မြေများသတ်မှတ်ပြီးမှသာလျှင် ရွေးကောက်ပွဲဝင်မည့် မြို့နယ်များ သတ်မှတ်ဆုံးဖြတ်မည်ဟု တ.စ.ည ပါတီဥက္ကဋ္ဌ‌ပြော

၂၀၂၃ ၊ မတ်လ ၁၇

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး (တစည) ပါတီ -NUP အနေဖြင့် ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီအဖြစ် ပါတီ မှတ်ပုံတင်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ မဲဆ န္ဒနယ်မြေသတ်မှတ်ပြီးမှသာလျှင် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များကို သတ်မှတ်ဆုံးဖြတ်မည်ဖြစ်ကြောင်း တ.စ.ည ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေကပြောသည်။

“FPTP တစ်မဲနိုင်အနိုင်ယူဆိုတဲ့ စနစ်မျိုးဆိုရင် မြို့ နယ်အလိုက်ဝင်ရတဲသဘောရှိတာကို။အဲတုန်းကလည်း တစ်ချို့နေရာ တွေ တော့လည်း ကျွန်တော်တို့ မဝင်ပါဘူး။တိုင်းရင်းသားပါတီတွေရှိတဲ့နေရာတွေပေါ့။ သူတို့လည်း သူတို့စည်းရုံးရေးနဲ့ ရှိတဲ့ အခါ ကျ တော့ တစ်ချို့နေရာတွေ မဝင်ပါဘူး။အခုကျတော့ ရွေးကောက်ပွဲပုံစံက သိတဲ့အတိုင်းပဲ PR စနစ်ဖြစ်သွားပြီ။ PR စနစ် ဖြစ်သွား တဲ့အခါကျတော့ မဲဆန္ဒ နယ်မြေကကို မြို့နယ် တစ်မြို့နယ်တည်းဆိုတာထက်ပေါ့လေ။မြို့နယ်တွေများပြီးတော့ ဒီလို သတ် မှတ်မဲ့ သဘောရှိတဲ့အခါကတော့ ဒီမှာလည်း ဘယ် လိုလာအုံးမယ် မသိသေးပါဘူး။အခုလောလော ဆယ် မူသဘောအရတာ PR စနစ်နဲ့ ကျင့်သုံးမယ်။ PR စနစ်မှာမှ Closed List(စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်)စနစ်နဲ့ ကျင့်သုံးမယ်။ဒီလောက်ပဲ သိထားပါ တယ်။ အသေးစိတ်အားဖြင့် မဲဆန္ဒနယ်မြေတွေကို ဘယ်လို သတ်မှတ်မလဲ၊အဲလို သတ်မှတ်တဲ့အခါကျမှ ကျွန်တော်တို့ ဘယ်လို ဝင်မလဲဆိုတဲ့ အခင်းအကျင်းကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။လော လောဆယ်မှာတော့ မဲဆန္ဒနယ်သတ်မှတ်တာတို့ ဘာတို့က ကော် မရှင်ရဲ့ လုပ်ငန်းတာဝန်ပါ။ ကော်မရှင်က သတ်မှတ်တဲ့အခါကျတော့မှ ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ်မြေကို ဘယ်လို သတ် မှတ်မယ်။အ မျိုးသားလွှတ်တော်မှာ မဲဆန္ဒနယ်မြေကို ဘယ်လို သတ်မှတ်မယ်။တိုင်းဒေသကြီး ပြည်နယ်တွေမှာ မဲဆန္ဒနယ်မြေကို ဘယ်လို သတ်မှတ်မယ်ဆိုတဲ့ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက ဘယ်မြို့ နယ်တွေ ဝင်မယ်။ ဘယ်နေ ရာတွေ ဝင်မလဲဆိုတဲ့ ဒီအချင်းအကျင်းကို လုပ်ရတာပါ။အဲဒါတွေ မသိပေးတဲ့အတွက် အခုလော လောဆယ် ဒီဥစ္စာ ပြောလို့မရသေးပါဘူး” ဟု တစည ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေကပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး(တစည)ပါတီကို ၁၉၈၈ စက်တင်ဘာလ ၂၄နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ပါတီသက်တမ်း၃၄နှစ်ရှိလာပြီဖြစ်သည်။ တစညအနေဖြင့် ၁၉၉၀ ခုနှစ်ရွေး ကောက်ပွဲအတွက် တစ်ကြိမ်၊၂၀၁၀ ခုနှစ်ခုနှစ်ရွေး ကောက်ပွဲအတွက် တစ်ကြိမ်၊ယခု ၂၀၂၃ ခုနှစ် နိုင်ငံ ရေးပါတီများမှတ်ပုံတင်ဆိုင်ရာ ဥပဒေ အသစ်ပြ ဌာန်းချိန်တွင် တစ်ကြိမ် စုစုပေါင်း ၃ကြိမ်တိတိ ပါတီမှတ်ပုံတင်ခဲ့ကြောင်း သိရသည်။

" ဥပဒေအရ ပြဌာန်းထားတာ ဖြစ်တဲ့အတွက် ဥပဒေအရ လိုက်နာပြီး ပါတီမှတ်ပုံတင် ရတဲ့ အနေအထားရှိပါတယ်။ဒါမှလည်းပဲ ဥပဒေ အရ တရားဝင်တဲ့ နိုင် ငံရေးပါတီ ဖြစ်မှာကို။ မှတ်ပုံမတင်ရင် တ ရားမဝင်တဲ့ နိုင်ငံရေးပါတီ ဖြစ်ရင် ဘာမှ လုပ်လို့ဖြစ်မှာ မ ဟုတ်ဘူး။ ဒါကြောင့် မှတ်ပုံတင်တာပါ" ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် လာမည့်ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေးအ တွက် ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်၊ နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅အရနိုင်ငံရေးပါတီ အဖြစ်ဆက်လက် တည်ထောင် ခွင့်လျှောက်လွှာကိုနေပြည်တော်ရွေးကောက်ပွဲကော်မ ရှင်ရုံးတွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က ပါတီဥက္ကဋ္ဌ ဦးဟန် ရွှေနှင့်အထွေထွေအတွင်းရေးမှူးဦးထွန်းရီတို့ကလျှာက်ထားခဲ့ရာ လျှောက်လွှာကိုပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ကြောင်းသိရသည်။UEC ကလည်း မှတ်ပုံတင်ခွင့်ပြုနိင်ရေး ဆက်လက်စိစစ်ဆောင်ရွက်သွားမည် သ တင်းထုတ်ပြန် ခဲ့သည်။

Total Views ~ 332

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43345

© 2022 - 2025 News. All Rights Reserved.