မြန်မာ့အာမခံ လုပ်ငန်းနှင့် မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်း ရှင်များအသင်းတို့ ပူးပေါင်း၍ ကိုယ်အင်္ဂါ ထိခိုက်မှုနှင့် ကိုဗစ်ရောဂါ အကာအကွယ် ပါရှိသည့် အာမခံဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ပူးပေါင်း၍ ပြည်ပသို့ သွားရောက်မည့် ခရီးသွားများ အတွက် အကျိုးခံစားခွင့်ပေးသည့် ကိုဗစ်-၁၉ ရောဂါ အကာအကွယ်အပါ အဝင် ကိုယ်အင်္ဂါထိခိုက်မှုနှင့် ခရီးသွား အာမ ခံအ ကြောင်း ရှင်းလင်းခြင်းအခမ်းအနားကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်ကလမ်းမတော်မြို့နယ်ရှိ ကုန်သည်စက်မှုအသင်းချုပ်( UMFCCI )တွင် ပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းက ပြည်ပသို့ သွားရောက်မည့် ခရီးသွားများအတွက် ကိုယ်အင်္ဂါ ထိခိုက်မှုနှင့် ကိုဗစ်ရောဂါ အကာအကွယ်ပါရှိသည့် အာမခံစာ ချုပ်များ ရောင်းချပေးမည့်အစီအစဉ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် မြန်မာ့အာမခံလုပ်ငန်းသည် ၁၉၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အထွေထွေအာမခံနှင့် အသက်အာမ ခံအမျိုးအ စား၄၀ ကျော်ဖြင့် ကာကွယ်မှုရ ယူနိုင်ပြီးအာမခံ ငွေများကို သုံးရက်မှ ငါးရက်အတွင်း ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိရာ ယုံကြည်စိတ်ချစွာဖြင့် ဝန်ဆောင်မှုရယူနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦးက ယင်းအခမ်းအနားတွင် ပြောသည်။
ထို့နောက် ယင်းအခမ်းအနားတွင် ပြည်ပသို့ သွားရောက်မည့် ခရီးသွားများအတွက် အကျိုးခံစားခွင့်ပေးသည့် ခရီးသွားအာမ ခံလုပ်ငန်းပူးပေါင်းဆောင် ရွက်ရေး နားလည်မှုစာချွန်လွှာကို မြန်မာ့အာမခံလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်တို့က လက်မှတ်ရေးထိုးကြသည်။
မြန်မာ့အာမခံလုပ်ငန်းအရောင်းမြှင့်တင်ရေးဌာနနှင့် အသက်အာမခံဌာနတို့မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ အာမခံ ပေါ်လစီစာချုပ်များနှင့်ပတ် သက်၍ အသက် တစ်နှစ်မှ၇၅ နှစ်အတွင်း ရှိသူများသည် ခရီးသွားအာမခံထားရှိပါက ပြည်ပတွင် ရောက်ရှိနေထိုင်စဉ် ကိုဗစ်ရောဂါပိုး ကူးစက်ခံရခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း၊ထာဝစဉ် မသန်စွမ်းဖြစ်ပေါ် ခြင်း တို့ကြုံတွေ့ပါက အာမခံငွေ အပြည့်ရရှိနိုင်ကြောင်း သိရသည်။