ဘူးသီးတောင်မြိုနယ်၊ ဖိုးခေါင်ချောင်းကျေးရွာမှ တူးဖော်တွေ့ရှိသည့် ငွေဒင်္ဂါးပြားများအား သက်ဆိုင်ရာသိုအပ်နှံရန်စီစဉ်နေစဉ် AA အဖွဲမှ သိမ်းဆည်းယူ ဆောင်သွား

၂၀၂၃ ၊ဇန်နဝါရီ ၁၆ 

ဘူးသီးတောင်မြိုနယ်၊ ဖိုးခေါင်ချောင်းကျေးရွာမှ တူးဖော်တွေ့ရှိသည့်  ငွေဒင်္ဂါးပြားများအား သက် ဆိုင်ရာသိုအပ်နှံရန်စီနေစဉ် AA လက်နက်ကိုင်အဖွဲမှ သိမ်းဆည်းယူဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက် မွန်း လွဲ ၂  နာရီခန့်တွင် ဘူးသီးတောင်မြိုနယ်၊ ဖိုးခေါင်ချောင်းကျေးရွာ အုပ်စု၊ ဖိုးခေါင်ချောင်းကျေးရွာနေ အာလီဟူဆောင်း ၂၈ နှစ်(ဘ)ဟာရှိမ်းသည် နေအိမ်ပြုပြင်ရန် အတွက် မြေတူးစဉ် မြေထဲမှ ၁၈ လက်မပတ်လည်ခန့်ရှိသည့်

မြေအိုး ၁ လုံးအားတွေ့ရှိသဖြင့် ၎င်းမြေအိုးအား ဖွင့်ကြည့်ရာ မြေအိုးအတွင်းမှ ONERUPEE INDIA-1877 စာတန်းပါ ငွေဒင်္ဂါးပြားများအား တွေ့ရှိခဲ့၍ ကျေးရွာအုပ်ချုပ်ရေးမှူးဇော်မီဟူဆောင်းထံ သတင်းပေးပိုခဲ့သည်။

အဆိုပါငွေဒင်္ဂါးပြားများတွေ့ရှိမှုအားကျေးရွာအုပ်ချုပ်ရေးမှူးဦးစီးအဖွဲမှ သွားရောက်ကြည့်ရှုခဲ့ရာ ONE RUPEE INDIA-1877 စာတန်းပါ ငွေဒင်္ဂါး ၇၆ ပြားအား စိစစ်တွေ့ရှိရသဖြင့် သက်ဆိုင်ရာသိုအပ်နှံရန်စီစဉ်နေစဉ် ညနေ ၅နာရီခွဲခန့်တွင် AA လက်နက်ကိုင်အဖွဲမှခေါင်း ဆောင်(စိစစ်ဆဲ)အင်အား ၆ ဦးသည် လိုင်ရှည်ပြင်ကျေးရွာဘက်မှရောက်ရှိလာပြီး အဆိုပါငွေဒင်္ဂါးပြားများအား သိမ်းဆည်းယူဆောင်သွားခဲ့ကြောင်း သိရသည်။

Total Views ~ 197

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43273

© 2022 - 2025 News. All Rights Reserved.