မန္တလေးတိုင်း ချမ်းအေးသာစံမြိုနယ် အထက(၁၉)၌ခြိမ်းခြောက်စာ ၂ စောင် တွေ့ရှိ

၂၀၂၃ ၊ ဇန်နဝါရီ ၉ 

မန္တလေးတိုင်းဒေစကြီး မဟာအောင်မြေခရိုင် ချမ်းအေးသာစံမြိုနယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက် ၃၂x၈၉ လမ်း ထောင့်ရှိ အထက(၁၉)၏ အဝင်ပေါက်ခြံဝင်းတံခါးမကြီးတွင် ယမန်နေ့ ဇန်နဝါရီ ၈ ရက် ညနေ ၄နာရီခွဲအချိန်က စာများရေးသားထားသော ဗလာစာရွက် ၂ ရွက်တွေ့ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ သတင်းကြောင့် သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးရာ အဆိုပါကျောင်းဝင်းအတွင်း နေထိုင်သည့် ကျောင်းအုပ် ဆရာ မကြီးမှ  သမီးဖြစ်သူနှင့်အတူ ကျောင်းဝန်းအတွင်း လမ်းလျှောက်နေစဉ် စာ ၂ စောင်တွေ့ရှိ၍ ကြည့်ရှုခဲ့ရာစာရွက်ပေါ်တွင် "သိုကျောင်းအုပ်ကြီးခင်ဗျာ- သတိပေးစာပေး၍ မကြာမီ အထက(၁၉) ကျောင်းအား စစ်တပ်၊ ရဲမှ လာရောက်ကြည့် ရှုကြောင်း သတင်းရရှိသည်၊ မည်သိုပင်ဖြစ်စေကာမူ ကျွန်တော်တိုရည်ရွယ်ချက်ဖြစ်သော ထ(၁၉)ကျောင်းမဖွင့်မှသာ ကျွန်တော်တိုရပ် တန့်ပါမည်၊ ကင်းများ၊စစ်သားများ (၂၄)နာရီချရင်လည်း ကျောင်းသားများ(သို)တစ်စုံတစ်ဦး၏ အကူအညီဖြင့် ကျောင်း ဆက် လက် မဖွင့်နိုင်ရန် လုပ်ဆောင်သွားပါမည်၊ ထိုသိုကူညီမည့်သူကလည်း အသက်ကိုစွန့်ကာကူညီမည်ဟု သစ္စာဆို ထားပါသည်၊ ကျောင်းဆက်လက်မဖွင့်နိုင်ရန် ဆရာမကြီးတို ဘက်မှဆောင်ရွက်စေချင် ပါသည်၊ ထိုသိုမဟုတ်လျှင် ကူညီမည့်သူအကူအညီဖြင့် မဖွင့်နိုင်အောင်ဆောင်ရွက်သွားပါမည်၊ ထိုသိုသတိပေးစာပိုရခြင်းမှာ ကျွန်တော်တိုငယ်စဉ်က တက်ခဲ့သည့် ကျောင်းအားမ ပျက်စီးစေချင်သော ကြောင့်စာပိုရခြင်းဖြစ်ပါသည်၊ ဆက်လက်လုပ်ဆောင်လျင်ကျွန်တော်တိုဘက်မှလည်း မည်သည့်ကိုမှ မထောက်ထားတော့ပါကြောင်း သတိပေးအပ်ပါသည်"ဟု ရေးသားထားကြောင်း သိရသည်။

ထိုအပြင် အခြားစာရွက်တွင်လည်း "ကျောင်းအုပ်ကြီး ဒေါ်အေးအေးစိုး (၁၉)ကျောင်းမှထွက်ခွာ၍ မိမိနေရာနေလျင် ကျွန်တော် တိုနှင့် မည်သည့်မျှမသက်ဆိုင်တော့ပါ၊ ယခုစစ်တပ်ဘက်မှနေ၍တာဝန်ထမ်းဆောင်နေသောကြောင့် သတိနှင့် နေပါရန် ကျောင်း တွင်းရှိလူများ ဆရာမများ၊ ကျောင်းစောင့်များလည်း မိမိနေရာများသို အသီးသီး ပြန်၍အလုပ်လုပ်ရန်၊ ထ(၁၉)ကျောင်း တွင်မနေ ရန်သတိပေးကြောင်း၊ အားလုံး၏ အဝင်/ အထွက်၊ အသွားအလာကို ကျွန်တော်တိုကကြည့်ရှုလျက်ရှိကြောင်းနှင့် စစ်တပ်ဘက်မှ နေ၍ ထောက်ခံပြီး ကျောင်းတွင်း၌နေထိုင်သည်ဆိုရင်လည်း ကျန်ရှိသည့်ကိစ္စရပ်အားလုံးတာဝန် မယူတော့ပါ၊ ကျွန်တော်တို၏ ရည်ရွယ်ချက်ဖြစ်သော အထက(၁၉ )ကျောင်းကြီးပိတ်ရန် မည်သည့်နည်းနှင့်မဆို၊ မည်သူ့ကိုမဆို အကုန်လုပ်ပါမည်၊ သတိပေး ခြင်းသာဖြစ်ကြောင်းနှင့် ဝင်ရောက်တားသူ၊ ဆက်လက်ထောက်ပံ့နေသူ များကိုလည်း အသက်အန္တရာယ်တာဝန်မယူပါ၊ ထ(၁၉) ကျောင်းမှထွက်၍ မိမိနေရာဌာနများဆီ ပြန်လျင် ကျွန်တော်တိုကဘာမှမပတ်သက်တော့သလိုနေပေးပါမည်၊ ကျွန်တော်တို၏ရည်ရွယ်ချက်မှာ ထ(၁၉)ကျောင်းမဖွင့်ရန်သာဖြစ်ပါသည်"ဟု လက်ရေးဖြင့် ရေးသားထားသော ခြိမ်းခြောက်ရေးသားထားကြောင်း သိရသည်။

လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းဝင်းအတွင်း၌အိမ်ထောင်စု ပါ အိမ်ထောင်စု ၅ စုနေထိုင်ကြောင်းသိရှိရပြီး ခြိမ်းခြောက်စာထားရှိသွား သူများအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 220

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43140

© 2022 - 2025 News. All Rights Reserved.