မရမ်းကုန်းမြိုနယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံး

၂၀၂၃၊ဇန်နဝါရီ ၂၅

ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြိုနယ် ဘုရင့်နောင်(၁)ရပ်ကွက် တပင်ရွှေထီး လမ်းနှင့်(၂)လမ်းသွယ် (၂)လမ်းထောင့်တွင် ပစ်ခတ်မှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲက သွားရောက် စိစစ်ခဲ့ရာ ဦးကျော်မင်းသန်း  လမ်းသွယ်(၂)လမ်း၊ (၁)ရပ်ကွက်၊ ဘုရင့်နောင် မရမ်းကုန်းမြိုနယ်နေသူနှင့် ၎င်း၏ဇနီးဖြစ်သူတိုသည် နေအိမ်အခန်းမှဆင်းလာပြီး  အနက်ရောင်ယာဉ်သို သွားရောက်စဉ် ယာဉ်အနီးအရောက်၌ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေး သွားခဲ့သဖြင့် ဦးကျော်မင်းသန်းတွင် ဒဏ်ရာ ၁ချက် နှင့် ဇနီးဖြစ်သူတွင် ဒဏ်ရာ ၄ ချက် အသီးသီးသေဆုံးခဲ့ပြီး  ယာဉ်ရှေ့လေကာမှန်၌ ကျည်ဖောက်ဝင်ရာ ၁ ချက်တွေ့ရှိခဲ့ကြောင်း သိရသည်။

 ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ 9MM Luger ကျည်ခွံ ၁ ခွံ၊ S&B 9x 9-21 ကျည်ခွံ ၅ ခုနှင့် ကျည်အ ၂ တောင့်တိုတွေ့ရှိသိမ်းဆည်းခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သွားသူများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43286

© 2022 - 2025 News. All Rights Reserved.