ရန်ကုန် ၊ ဇန်နဝါရီ ၁၄
မလေးရှားအခြေစိုက် မေဘဏ် (May Bank) ကို မလေးရှားရောက် မြန်မာလုပ်သားများ၏ နိုင်ငံအ တွင်း ပေးပို့သည့် လုပ်ခလစာငွေလွှဲများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးရန်ကိစ္စများနှင့် ပတ်သက် ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကMay Bank တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် May Bank , Yangon Branch မှ Su-laiman Abdul Aziz (Country Head) နှင့် Chang Hon Huen (Eddie) (Head, Operations) တို့မှ တာဝန်ရှိသူများကို ဇန်နဝါရီ ၁၃ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် May Bank အနေဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ဖွင့်လှစ်ပြီးနောက် ဆောင်ရွက်နေမှု ၊ ရုံးချုပ်၏ မူဝါဒများ ဆွေးနွေးတင်ပြခဲ့ပြီး မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်ကို လိုလားကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ် ဆောင် ရွက်ချက်များကို စိစစ်ကြပ်မတ်လျက်ရှိပြီး လက်ရှိနိုင်ငံ ခြားငွေ ဈေးကွက်တိုးတက်မှု၊ Interbank Market တွင် ဆောင်ရွက်နေမှုများ၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများ၊ Worker Remi-ttance အတွက် မလေးရှားရောက် မြန်မာများမှ ပြန်လည်လွှဲပို့ရာတွင် May Bank မှ တက်ကြွစွာ ပါဝင်ဆောင် ရွက်ပေးရေး၊ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။