မာန်အောင်မြို့အနီး မြန်မာ့ပင် လယ်ပြင်အတွင်း မီးလောင်နေသည့် ငါးဖမ်းဝါး လတ်လှေတစ်စီးအား တပ်မတော်(ရေ)မှကူညီကယ်ဆယ်

ရခိုင် ၊ ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ အနီး မြန်မာ့ပင်လယ်ပြင်အ တွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် မာန်အောင်မြို့၏ အနောက်ဘက် ရေမိုင် ၂၃ မိုင်ခန့်အကွာ၌ ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင်နေကြောင်း သတင်းအရ ယမန်နေ့ ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်တွင် သွားရောက်ရှာဖွေစိစစ်ခဲ့ရာ ထူးထက်အောင် (၇၂)အမည်ရှိ ငါးဖမ်းဝါးလတ်လှေ ၁ စီး မီးလောင်နေသည်ကို တွေ့ရှိခဲ့သဖြင့် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီးလှေပေါ်ပါ လှေ သား ၁၃ ဦးအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်နေသည့် ငါးဖမ်းဝါးလတ်လှေမှ လှေသားများအား ယနေ့( ဇန်နဝါရီ ၁၁) တွင်သက်ဆိုင်ရာသို့ စနစ်တ ကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Total Views ~ 197

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43139

© 2022 - 2025 News. All Rights Reserved.