မြန်မာနိုင်ငံအတွက် အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေမှ ကန်ဒေါ်လာ လေးသန်းခွဲဝေပေးဟု OCHA ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၅
    မြန်မာနိုင်ငံအတွက်  အရေးပေါ်ကယ်ဆယ်ရေး ယာယီညှိနှိုင်းရေးမှူး (Eme-rgency Relief Coordinator a.i.) သည် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် စတင်နိုင်ရန်အတွက် အရေးပေါ်တုံ့ပြန်ရေး ဗဟိုရန်ပုံငွေ(CERF)မှ အမေရိကန်ဒေါ်လာလေးသန်း ခွဲဝေချထားပေးရန်  ခွင့်ပြုပေးခဲ့ကြောင်း ကုလသမဂ္ဂလူသားခြင်း စာနာမှုဆိုင်ရာဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) မှသိရသည်။
    ထုတ်ပြန်ချက်အရ လျှပ်တစ်ပြက် ရေကြီးပြီးနောက် ၁၀ ရက်အကြာတွင် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်းအရှေ့ပိုင်းနှင့် တောင်ပိုင်းတိုင်းဒေသကြီး၊ ပြည်နယ်များရှိ ၆၅ မြို့နယ်တွင် နေရပ်စွန့်ခွာသူများအပါအဝင် ခန့်မှန်းခြေလူဦးရေ ၈၈၇ ၀၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။
    ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုံ့ပြန်ရေး စီမံကိန်းလိုအပ်ချက်၏ ၂၇ ရာခိုင်နှုန်းမျှသာ ရန်ပုံငွေရရှိထားသည့် ရန်ပုံငွေ မလုံလောက်မှုရှိရာမှ OCHA နှင့်အတူ လူသားချင်း စာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး (Humanita-rian Coordinator a.i.) တို့သည် လက်ရှိဆောင်ရွက်နေသည့် ရေဘေးတုံ့ပြန်ရေးလုပ်ငန်းများကို လျင်မြန်စွာ တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် ထပ်တိုးရန်ပုံငွေများ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုရှိ မြို့နယ် ၅၄ မြို့ နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အတွက်ကြောင့် ခြောက်ပုံတစ်ပုံ(၁၆ ရာခိုင်နှုန်း)ခန့် ရေကြီးခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၂၁ ရက် စာရင်းများအရ လုံးဝပျက်စီးသွားသည့် အဆောက်အအုံပေါင်း ၂၁၄၉ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အဆောက်အအုံပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြုပ်ခဲ့သည့် အဆောက်အအုံပေါင်း ၁၃၆၀၂၃ လုံး စုစုပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်နစ်မြုပ်ပျက်စီးခဲ့ ကြောင်း သိရသည်။
    ထို့ပြင် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေးဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံးခဲ့ကြောင်း၊ နေပြည်တော်မှ ၁၆၄ ဦး၊ ကရင်ပြည်နယ်မှ ငါးဦး၊ ပဲခူးတိုင်းဒေသကြီးမှ နှစ် ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၃၄ ဦး၊ ရှမ်းပြည်နယ်မှ ၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ တစ်ဦးဖြစ်ပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိ ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်ပြီး ၄၃၅ ကျောင်း ပျက်စီးခဲ့ကြောင်း၊ လမ်းတံတား ၅၃၃ ခု ရေမျောပျက်စီးခဲ့ကြောင်း၊ လျှပ်စစ်မီးတိုင် ၂၄၈၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၉၉ ခု၊ တိရစ္ဆာန်သေဆုံးမှု ၁၄၄၉၉၈ ကောင်၊ စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ထုတ် ပြန်ချက်အရ သိရသည်။ ထူးမြတ်

Total Views ~ 164

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43777

© 2022 - 2025 News. All Rights Reserved.