၂၀၂၃၊ ဇန်နဝါရီ ၁၂
မြန်မာအစိုးရမှ ကြေညာထားသည့် မည်သည့် အ ကြမ်း ဖက်အဖွဲ့များ၊ မတရားအသင်းများနှင့်မျှ ထိတွေ့ ဆက်ဆံခြင်းမပြုရန် လိုအပ်ကြောင်းကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၁၂ )က ထပ်လောင်းသတိပေးတိုက်တွန်းလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပုံမှန်သတင်းထုတ်ပြန်ချက်ဖြင့်Annual Press Statement ပြောကြားခဲ့ပြီး၊ ထိုသို့ပြောကြားရာ၌ မြန်မာနိုင်ငံနှင့်ပတ်သက် ၍ထည့်သွင်းပြောကြားခဲ့သည်ကို သိရှိရသည့်အတွက် မြန်မာနိုင်ငံခြားရေး၀န်ကြီးဌာနယခုကဲ့သို့ သတိပေး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ရပ်တည်ချက်များအတိုင်း ဆက်လက် ရပ် တည်ဆောင်ရွက်သွားမည်ဖြစ်ပြီးမြန်မာနိုင်ငံသည် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အ
ထည်ဖော်ခြင်းကိုမိမိနိုင်ငံ၏ အမျိုးသားရေးအ ကျိုးစီးပွား၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့်တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အဖွဲ့ဝင် တစ်နိုင်ငံမှ မစွက်ဖက်ရေး စသည့်အခြေခံမူများနှင့်အညီ စွဲမြဲစွာ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင်မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီပြန် လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား လွတ်လပ်သည့်အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ် နိုင်ငံအဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ သည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များနှင့် အာဆီယံအခြေခံမူများနှင့်အညီ တိတိကျကျ လေးစားလိုက်နာရန် လိုအပ်ပြီး မြန်မာအစိုးရမှ ကြေညာထားသည့်မည်သည့် အကြမ်းဖက်အဖွဲ့များ၊ မတရားအ သင်းများနှင့်မျှ ထိတွေ့ ဆက်ဆံခြင်းမပြုရန် လိုအပ်ကြောင်းကို ထပ်လောင်းသတိပေးတိုက်တွန်းကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။