၂၀၂၃ ၊ဇန်နဝါရီ ၁၆
မြောက်ဦးမြိုနယ်၊ ဘူးရွက်မညှိးကျေးရွာရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း AA လက်နက်ကိုင်အဖွဲများမှ ကျေးရွာသားအချိုနှင့် တွေ့ဆုံမှု၍ စည်းရုံးပြောဆိုမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက် မွန်း လွဲ ၁နာရီခွဲခန့်တွင် မြောက်ဦးမြို နယ်၊ ဘူးရွက်မညှိးကျေးရွာသို မြောက်ဦးမြိုနယ်၊ ပေါက်ပင်ကွင်းကျေးရွာအုပ်စု၊ ကိုတလုပ်ကျကျေးရွာဘက်မှ AA လက်နက်ကိုင်အဖွဲမှ ဗိုလ်မှူးအဆင့်ရှိ ခိုင်စိုးလင်း ဦးစီးပါ ၆ ဦးအဖွဲသည်အရပ်ဝတ် (လက်နက်မဲ့)စက်လှေ ၁ စီးဖြင့်ရောက်ရှိလာပြီး မွန်းလွဲ ၁ နာရီ မိနစ်နာရီမှ ၂နာရီ၂၅မိနစ်ထိဘူးရွက်မညှိးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကျေးရွာသားအချိုနှင့်တွေ့ဆုံမှုပြုလုပ်ခဲ့သည်။
ထိုသိုတွေ့ဆုံရာတွင် ဗိုလ်မှူးအဆင့်ရှိ ခိုင်စိုးလင်းမှ ယခုအပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်း ပြည်သူများနှင့် ရင်းနှီးမှုရရှိစေရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ရက္ခိုင့်တပ်တော် AA အနေဖြင့် ရခိုင်နိုင်ငံထူထောင်ရန်နှင့် ရခိုင်လူမျိုးများအား ကာကွယ်ရန်လုပ်ဆောင်နေကြောင်း၊ ရခိုင်နိုင်ငံထူထောင်ရန်နှင့် ရခိုင်ပြည်သူများအား ကာကွယ်ပေးနိုင်ရန်အတွက် ရခိုင်တိုင်းရင်း သားတိုင်းတွင် တာဝန်ရှိသည့်အ တွက် မိမိတို AA တပ်တော်သို အသက် ၁၈ နှစ်ပြည့်သူတိုင်း ဝင်ရောက်တာဝန်ထမ်းဆောင်ရမည်မှာ သမိုင်းပေးတာဝန်တစ်ရပ်ပင်ဖြစ် ကြောင်း၊ AA တပ်တော်တွင်အ ထောက်အပံ့ကောင်းများ ရရှိထားသဖြင့် ငွေကြေးတောင့်တင်းနေပြီဖြစ်ကြောင်း၊ AAတပ်တော်အနေ ဖြင့် အင်အားပိုမိုတောင့်တင်းရန်အတွက် အသက် ၁၈ နှစ်အထက်ရှိသူများ ဝင်ရောက်တာဝန်ထမ်းဆောင်ရန်နှင့် စားနပ်ရိက္ခာများ၊ ထောက်ပံ့ကြေးများ လစဉ်
မပျက်မကွက်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ ကျေးရွာများအတွင်း ဖြစ်ပွားသည့်လယ်ယာမြေအငြင်းပွားမှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ၊ ခိုးမှု/လုယက်မှုစသည့် မှုခင်းဖြစ်ပွားမှုများဖြစ်ပေါ်လာပါက အစိုးရဌာနဆိုင်ရာများနှင့် ရဲစခန်းများသို တိုင်ကြားမှုမပြုလုပ်ကြရန်၊ ULA/AA အဖွဲမှ ဖွင့်လှစ်ထားသည့် ရဲစခန်းများ၊ တရားရုံးများသိုသာတိုင်ကြားကြရန်၊ ရခိုင်လူမျိုးအ ရေးကိစ္စများ၊ အမှုအခင်းများကို ကိုယ့်ဘာသာဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စည်းရုံးပြောဆိုမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုနောက်အဆိုပါအဖွဲသည် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် လာရာလမ်းအတိုင်း စက်လှေဖြင့်ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။