Breaking

ယူနန်-မြန်မာအကြား သွင်းကုန်တန်ဖိုးမှာ ယွမ်ငွေ ၄၉ ဒသမ ၄၄ ဘီလီယံအထိ ရောက်ရှိ

၂၀၂၃ အောက်တိုဘာ ၂၃
    လတ်တလော အခြေအနေအရ ယူနန်-မြန်မာအကြား သွင်းကုန်တန်ဖိုးမှာ တရုတ် ယွမ်ငွေ ၄၉ ဒသမ ၄၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံအတွင်းသို့ ငွေကြေးကဏ္ဍမဟုတ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၉၀ ကို တည်ထောင်ခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။ 
    လွန်ခဲ့သော ရက်ပိုင်းအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အထွေထွေ ကုန်သည်များအသင်း Yunnan Provincial General Chamber of Comme-rce(YPGCC) ၏ဥက္ကဋ္ဌ Dr.Gao Feng ဦး ဆောင်သော ယူနန်စီးပွားရေးလုပ်ငန်းရှင် များနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်၌ နှစ်ဖက်လုပ်ငန်း ရှင်များ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ ပထမအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး သွင်းကုန်အရင်းအမြစ်နှင့် ပို့ကုန်ဈေးကွက် လည်းဖြစ်ခြင်းကြောင့်  ကုန်သွယ်မှုနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အရ အရေးပါကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။ 
    "ယူနန်ပြည်နယ်က မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုအရရော၊ စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု အရရော အရေးပါပါတယ်။  မြန်မာနိုင်ငံရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ စိုက်ပျိုးရေးထွက်ကုန်အများစုက တရုတ်ပြည်ကို တင်ပို့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စွမ်းအင်ကဏ္ဍ အပါအဝင်လုပ်ငန်းကဏ္ဍ အများအပြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကုန်သွယ်မှုတိုးမြှင့်နိုင်ဖို့ ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုထားတဲ့ အသင်းချုပ်နဲ့ YPGCC ရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်"ဟု ပြောသည်။ 
    တရုတ်-မြန်မာ အပြန်အလှန်ရင်း နှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆက်သွယ်ရေးလမ်းကြောင်းများ ချဲ့ထွင်ပြီး ကုန်သွယ်မှုမြှင့်တင်ရန်၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန်၊ ဆိပ်ကမ်းစီးပွားရေး၊ ဆန် ထောက်ပံ့ရေး၊ ဓာတ်မြေသြဇာထောက်ပံ့ရေး၊ လယ်ယာထွက်ကုန်တင်ပို့ရေး၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတို့တွင် ပူးပေါင်းဆောင် ရွက်သွားကြမည်ဖြစ်ကြောင်း သိရှိသည်။
    ထို့အပြင် နှစ်ဖက်အဖွဲ့အစည်း များက သတ္တုကဏ္ဍ၊ သံနှင့်သံမဏိ၊ သယ်ယူပို့ဆောင်ရေး၊ E-Commerce၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆေးဝါး၊ ကြံ၊ သကြား၊ မြေပဲ၊ သစ်သီးဝလံများ၊ ရေထွက်ကုန်လုပ်ငန်း၊ စားသောက်ကုန်၊ သုတေသန၊ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ စသည်တို့နှင့် စပ်လျဉ်း၍  ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
    ယူနန်ပြည်နယ်သည် ကမ္ဘာ့စီးပွား ရေးအဆင့် ၃၇ တွင်ရှိပြီး မြန်မာ-တရုတ် စီးပွားရေး စင်္ကြံလမ်း  Myanmar – China Economic Corridor (CMEC) အကောင်အထည် ဖော်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ MoU ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်တွင် လက်မှတ်ရေးထိုးထားခဲ့ကြောင်း သိရသည်။ အဆိုပါ နားလည်မှု စာချွန်လွှာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အထွေထွေ ကုန်သည်များ အသင်း Yunnan Provincial General Chamber of Commerce (YPGCC)က အကောင်အထည်ဖော်ရန် ကြိုး ပမ်းနေကြောင်း သိရသည်။ 

Total Views ~ 264

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43861

© 2022 - 2025 News. All Rights Reserved.