ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ ယနေ့နံနက်ပိုင်းမှစ၍ အရေးပေါ် ရပ်တန့်ပြုပြင်နေရ၍ ဓာတ်ငွေ့ပို့လွှတ်မှု လျော့နည်းနေ

ရန်ကုန် ၊ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ ဇန်နဝါရီ (၉)ရက်နေ့ နံနက် ၃နာရီအချိန်ခန့်တွင် အရေးပေါ် ရပ်တန့်ပြုပြင်ရပြီး ရတနာဓာတ်ငွေ့ ပို့လွှတ်မှုအရေးပေါ်ရပ်တန့်ရမှု (Totally Shut Down )ဖြစ်ပေါ်သွားသည့်အတွက် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေလျက်ရှိ ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း(YESC) က အသိပေးကြေညာခဲ့သည်။
အဆိုပါအရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းလျက်ရှိ နေပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျှော့နည်းနေခြင်းကြောင့် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် မြို့နယ်၊ နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်း အသိပေးထားသည်။အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း YESC က အသိပေးပန်ကြားထားသည်။

Total Views ~ 194

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43101

© 2022 - 2025 News. All Rights Reserved.