ရန်ကုန် ၊ ဇန်နဝါရီ ၁၃
ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း အနီး ပန်းဆိုးတန်းတံတားအဆင်းတွင် ယနေ့ (ဇန်နဝါရီ ၁၃ )နံနက် ၈ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် ယာဥ်၂စီးတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို မဂ်လာတောင်ညွန့်လူငယ်ပရဟိတအသင်းနှင့်လင်းလက်ပရဟိတအသင်းကားများဖြင့်ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ် နှင့်ပတ်သက်၍ ထိခိုက် ဒဏ်ရာရရှိသူဦးရေအသေးစိတ် အခြေ အနေတို့ကို မသိရသေးပေ။
