ရန်ကုန်မြိုရှိ အင်းလျားကန်ဘောင်၊ မြောက်ဥက္ကလာပ နှင့် မှော်ဘီတိုတွင် မိုင်းတပ်ဆင်ထားသည့် လက်လုပ်ဒရုန်းများ တွေ့ရှိ

၂၀၂၃ ၊ ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကမာရွတ်မြိုနယ်ရှိ အင်းလျားကန်ဘောင်၊ မြောက်ဥက္ကလာပမြိုနယ်နှင့် မှော်ဘီမြိုနယ်တိုတွင် လက်လုပ်မိုင်းတပ်ဆင်ထားသည့် လက်လုပ် ဒရုန်းများ ယနေ့(ဇန်နဝါရီ ၁၆) နံနက်ပိုင်းတွေ့ရှိခဲ့ရကြောင်း သိရသည်။


ပြည်လမ်း၊ တံတားဖြူမှတ်တိုင်အနီးရှိ အင်းလျားကန်ဘောင်ပေါ်တွင်  လက်လုပ်မိုင်းတပ်ဆင်ထားသော လက်လုပ်ဒရုန်း တစ်စင်းအား ယ နေ့ နံနက် ၁၀ နာရီကျော်ခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ လက်လုပ်ဒရုန်း၏ တောင်ပံနှစ်ခုကြားတွင် အလျား ၈ လက်မရှိသော လက်လုပ်ဗုံးတစ်လုံးအား တပ်ဆင်ထားသည်ကို တွေ့ရသည့်အတွက် သက်ဆိုင် ရာ တာဝန်ရှိသူများက ကန်ဘောင်ပေါ်တွင် အတားအဆီးများ ပြုလုပ်ကာ ယမ်းကပ်ဖောက်ခွဲ ရှင်း လင်းခဲ့ကြောင်း သိရသည်။


ထိုအတူ  မြောက်ဥက္ကလာပမြိုနယ် အုတ်ပုံဆိပ်တံတားအနီးတွင်လည်း လက်လုပ်မိုင်းတပ်ဆင်ထားသော လက်လုပ်ဒရုန်းတစ်စင်းအား ပျက်ကျနေမှုကို တွေ့ရှိခဲ့ပြီး  မှော်ဘီမြို နယ်၊ အောက်ဝါးနက်ချောင်းကျေး ရွာ၊ ဗောဓိရိပ်ငြိမ်ကျောင်းသွား လမ်းဘေးရှိ လယ်ကွက်များအ တွင်း လက်လုပ်ဒရုန်းတစ်စင်း ကျရောက်ကာ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဒရုန်းတစ်စင်းပေါက်ကွဲသည့် နေရာမှ ပျက်စီးနေသည့် သတ္တုဒလက်ပါ ဒရုန်းအပိုင်းအစများနှင့် ဆားကစ်ပြားများ တွေ့ရှိခဲ့ရပြီးပေါက်ကွဲသည့် နေရာမှ ကိုက် ၃၀၀ ခန့်အကွာ ချုံပုတ်ပေါ်တွင် လည်း လက်လုပ်ဒရုန်းတစ်စင်းထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။


Total Views ~ 190

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43230

© 2022 - 2025 News. All Rights Reserved.