ရန်ကုန်မြို့ရှိ ရွှေဆိုင်များ အတွက် YGEA က လုံခြုံရေး သင်တန်း ပေးရန်စီစဉ်

ရန်ကုန် ၊ ဇန်နဝါရီ ၁၂
ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ရွှေဆိုင်များအတွက် လုံ ခြုံရေးသင်တန်းပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ (YGEA) အ သင်းက ထုတ်ပြန်ထားချက်အရ သိရသည်။
လာမည့် ဇန်နဝါရီ ၁၇ရက် မ နက် ၁၁ နာရီအချိန်တွင် ရန်ကုန်ရွှေလုပ်ငန်းရှင်များအ သင်းမှ ဦးဆောင်၍ ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းရှိ ရွှေအသင်းရုံးတွင် ရွှေနှင့်လက်ဝတ်ရတနာဆိုင်ဖွင့်လှစ်ထားသူများနှင့် တာ ဝန်ရှိသူများ ဆွေးနွေးကာ လုံ ခြုံရေးဆိုင်ရာ သင်တန်းများ ပေးမည်ဖြစ်၍ တက်ရောက်ပေးကြရန်လည်း YGEA က ထုတ်ပြန်ထားသည်။

Total Views ~ 208

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43268

© 2022 - 2025 News. All Rights Reserved.