ရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်၊အမှတ် (၁၃) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းတွင် ရေခဲစက်မှ အ မိုးနီးယား ယိုစိမ့်မှုဖြစ်ပွားကြောင်းခဲ့သည့်အ တွက် ရပ်ကွက် အတွင်းနေထိုင်သူများအား ဓာတ်ငွေ့လွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးနေရကြောင်း သတင်းရရှိသည်။
ရေခဲစက်မှ အမိုးနီးယား ယိုစိမ့်မှုမှာ ယနေ့ (ဇန်နဝါ ရီ၁၂ )ည ၉နာရီ ၁၀ မိနစ်အချိန်က သတင်းရရှိခဲ့သည့် အတွက် လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ တို့ဖြင့် ကနဦးထွက်ခွာခဲ့ပြီး ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ LUF 60 မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ် (၁)စီး၊ မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်မှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ LUF 60 မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး တို့ဖြင့် အသီးသီးထွက်ခွာကာ ည ၁၀ နာရီ ၄ရ မိနစ်အချိန်တွင် ဓာတ် ငွေ့ရှင်းလင်းရေးလုပ်ငန်းများ ဆောင် ရွက်ပြီးစီးခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။