ရန်ကုန်၊ အောက်တိုဘာ ၁၇
သဘာဝဘေးအန္တရာယ်ကြောင့် ရေဘေးကြုံတွေခဲ့ရသော်လည်း လာမည့်ဆောင်းတွင်း ခရီးသွားရာသီသစ်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ခရီးသွားလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေကြောင်း ဒေသခံခရီးသွားလုပ်ငန်းများထံမှ သိရသည်။
ပွင့်လင်းရာသီတွင်ကျင်းပမည့် ရှမ်းပြည်နယ်(တောင်ပိုင်း)ပွဲတော် အချိန်အခါတွင် ပြည်တွင်းခရီးသွားများ ပုံမှန်လာရောက်လေ့ရှိပြီး ယခုနှစ် ကြုံတွေ့ခဲ့ရသော ရေဘေးကြောင့် လမ်းပျက်စီးမှုများ ရှိခဲ့သော်လည်း အချိန်မီပြီးစီးနိုင်သဖြင့် ခရီးသွားများ လာရောက်နိုင်ကာ တည်းခိုနိုင်ရေးအတွက် ဟိုတယ်၊မိုတယ်များ ပြင်ဆင်ဆောင်ရွက်နေကြောင်း ကလောဒေသခံဟိုတယ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
"ရေဘေးပြန်လည်ထူထောင်ရေး တွေလုပ်နေသလို သွားရေးလာရေးကလည်း ပြန်အဆင် ပြေနေပြီဆိုတော့ ပွဲတော်ရာသီမှာ ခရီးသွားတွေလာရင် အဆင်သင့်ဖြစ်အောင် ဒီနှစ်အတွက် နှုန်းထားတွေ သတ်မှတ်ပြီးပြီ၊ ဈေးနှုန်းကိုလည်း အသက်သာဆုံး ညှိနှိုင်း ပေးထားပါတယ်။ ရန်ကုန်က ခရီးသွားလုပ်ငန်းတွေလည်း လာရောက်ချိတ်ဆက်နေပါ ပြီ။ ခရီးသွားတွေကိုအားထားရတဲ့ ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးဟာ ခရီးသွားလုပ်ငန်းအပေါ် အများကြီး အားထားရတာကြောင့် ရှမ်းတောင်ဒေသကတော့ ပွင့်လင်းရာသီမှာ ခရီးသွားမျှော်ရတာပါပဲ"ဟု ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကဆိုသည်။
ရေဘေးအန္တရာယ်ဆိုးရွားစွာကြုံ တွေ့ခဲ့ရသော ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသနှင့် ကလောမြို့နယ်တို့တွင် နိုင်ငံတော်အစိုးရ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ အလှူရှင်တို့၏ လာရောက်လှူဒါန်းမှူများဖြင့် ဒေသပြန်လည်ထူထောင်ရေးကိုဆောင်ရွက်နေပြီး အင်း လေးဒေသရှိ အချို့နေရာများအတွက် အကူအညီအနည်းငယ် လိုအပ်နေကြောင်း သိရသည်။
"အင်းလေးကတော့ ရေကျသွားပြီ ဘုရားရင်ပြင်တော်မှာ ရေမရှိတော့ဘူး။ သီတင်းကျွတ်ဘုရားပွဲကတော့ သေချာမသိရ သေးဘူး။ အချို့ရွာတွေတော့ အကူအညီလို အပ်နေတယ်။ အင်းလေးကတော့ ဧည့်သည်မျှော်ရတဲ့ ဒေသပဲလေ။ ဘယ်လိုပဲကြုံခဲ့ကြုံခဲ့ ခရီးသွားရာသီ ရှမ်း တောင်ခရီးစဉ်မှာတော့ အင်းလေးက မပါမဖြစ်ဆိုတော့ ခရီးသွားတွေ လာကြမှာပဲ။ အောက်တိုဘာလ ၁၄ ရက်မှာတော့ ဘုရားကျောင်းဆောင်ပြန်ဖွင့် ပေးထားပါတယ်"ဟု အင်းလေးဒေသခံတစ် ဦးကပြောသည်။
မြန်မာနိုင်ငံတွင်၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့ သည့် တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် စံချိန်တင်မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အိမ်ထောင်စုရှစ်သောင်းကျော်၊ လူဦးရေတစ်သန်းနီးပါး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ကြရပြီး သေဆုံး/ပျောက်ဆုံးသူ ၅၂၀ ရှိခဲ့ကြောင်း၊ တိရစ္ဆာန်ပေါင်း တစ်သိန်းရှစ် သောင်းကျော် သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံစိုက်ဧက ခုနစ်သိန်းကျော် ထိ ခိုက်ခဲ့ရကြောင်းသိရသည်။ ထူးမြတ်