လမ်းမတော် မော်တင်ခုံးကျော်တံတားအနီး တောင်းရမ်း နေသည့် အဖိုးအိုတစ်ဦးထံမှ ရိုက်နှက်လုယက်မှုဖြစ်

၂၀၂၃ ၊ ဇန်နဝါရီ ၉

ယမန်နေ့ ဇန်နဝါရီ ၈ ရက် နံနက် ၁၁ နာရီ ခွဲ ဝန်းကျင်ခန့်ကရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မော်တင်ခုံးတံတားအနီးတွင် ထိုင်ကာ တောင်းရမ်းနေသည့် အဖိုးအိုတစ်ဦးထံမှ အမျိုးသား ၃ ဦးက ရိုက်နှက်ခါ တောင်းရငွေများအား လုယက်ယူဆောင်သွားကြောင်း သိရသည်။
အသက် ၇၀ ဝန်းကျင်ရှိ အဖိုးအိုမှာတောင်းရမ်းရငွေ ၅ ထောင်ခန့်ကို ရိုက်နှက်လုယက်ခြင်း ခံရခြင်း ဖြစ်ပြီး ထိုရိုက်နှက်မှုကြောင့် ဦးခေါင်းထိခိုက်ရရှိသွားသဖြင့် လမ်းသူလမ်းသားအချို့မှ ဆေးခန်းသို့ ပို့ပေးခဲ့ကြောင်းသိရသည်။

Total Views ~ 291

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43102

© 2022 - 2025 News. All Rights Reserved.