လှိုင်တွင် ရွှေဝါဆပ်ပြာစက်ရုံမှဒုအထွေထွေမန်နေဂျာ PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

၂၀၂၃ဇန်နဝါရီ ၃၀၊

ရန်ကုန်တိုင်းဒေသကြီး၊ လှိင်မြိုနယ်၊(၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ရတနာမွန်အိမ်ယာ၊ တိုက် 3/Aရှေ့တွင် မုန့်ဝယ်နေသူတစ်ဦးကို ပီဒီအက်(ဖ်) အကြမ်းဖက်သမားများကဇန်နဝါရီလ ၃၀ ရက် နံနက် ၆ နာရီ ၂၅ မိနစ်အချိန်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ရွှေဝါဆပ်ပြာစက်ရုံမှ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုး (၆၂ နှစ်)သည်စက်ရုံမှလမ်းလျှောက်ထွက်လာပြီး လမ်းဘေးအသုပ်ဆိုင်တွင် အသုပ်ဝယ်နေစဉ် ဘက်ထရီစက်ဘီးဖြင့် PDFအကြမ်းဖက်သမားနှစ်ဦးရောက်လာပြီး သေနတ်ဖြင့်ပစ်သဖြင့် မျက်နှာတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်းသိရသည်။

Total Views ~ 212

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43403

© 2022 - 2025 News. All Rights Reserved.