လှိုင်သာယာ စိန်ဂေဟာ မီး လောင်မှု Level 3 ယာဉ်အုပ်စုများ ထွက်ခွာ မီးငြိမ်းသတ်ခဲ့ရ

၂၀၂၃ ၊ ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မဟာမင်းခေါင်လမ်း၊ စိန်ဂေဟာတွင် ယနေ့ (ဇန်နဝါရီ ၂၇ )ည ၇နာရီ ၄၃ မိနစ်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။



ယင်းသို့ မီးလောင်မှုဖြစ်ပွားကြောင်း 191 Report application မှ သတင်းပေးပို့လာပါသဖြင့် လှိုင်သာယာမြို့ နယ်မီးသတ်စခန်းမှ  ည ၇နာရီ ၄၈မိနစ်အချိန်က မီ Level 1 ယာဉ်အုပ်စုများ စတင်ထွက်ခွာခဲ့ပြီးနောက် ည ၈နာရီ ၁၃ မိနစ်တွင်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ယာဉ်အုပ်စုများနှင့် level 2 ယာဉ်အုပ်စုများ၊ည ၈ နာရီ ၃၃ မိနစ်တွင် Level 3 ယာဉ်အုပ်စုများ အသီးသီးထွက်ခွာ ငြိမ်းသတ်ခဲ့ရာ ည ၈နာရီ ၅၄မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၈နာရီ ၂၃ မိနစ်တွင်  မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးကို မသိရသေးပေ။

Total Views ~ 183

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43385

© 2022 - 2025 News. All Rights Reserved.