ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ စုပေါင်းမှတ်တိုင်အနီးလမ်းဖြတ်ကူးနေသူ အ မျိုးသားတစ်ဦး ယာယာဥ်တိုက်ခံပြီး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ ( ဇန်နဝါရီ ၁၂ )နံနက် ၆နာရီ၀န်းကျင်က သံသုမာလမ်းမ၊သုဝဏ္ဏစျေးဖက်မှမောင်းနှင်လာသည့် ယာဥ်တစ်စီးဟာ စုပေါင်းမှတ်တိုင်အရောက်တွင် အရှေ့မှ လမ်းဖြတ်ကူးနေသည့် အမျိုးသားတစ်ဦးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသူ အမျိုးသားမှာ ခြေထောက်ကျိုး၊ဦးခေါင်းထိ ခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အ ခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း ၊ ထို့နောက် သေဆုံးသူ၏ ရုပ်အလောင်းအား ပရဟိတအဖွဲ့တစ်ခုက သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။
လက်ရှိတွင်ယာဥ်တိုက်မှု ကျူး လွန်ခဲ့သည့် Light Truck ယာဥ်မောင်းဖြစ်သူအား သက်ဆိုင် ရာမှ ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။