သံတောင်ကြီးမြို့နယ်ရှိ သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင် ကျေးရွာများသို ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

၂၀၂၃၊ ဇန်နဝါရီလ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို နယ်၌ အကြမ်းဖက်သမားများက သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင် ကျေးရွာများသို ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံ တားအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့( ဇန်နဝါရီ ၁၇) နံနက် ၉ နာရီ ၅၀ မိနစ်ခန့် သပြေ ညွန့်-မုတ္တိမြောင်-ဇင်းတိုင်ကျေးရွာများသို ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတား အား အကြမ်းဖက်အဖွဲက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ ပေါက်ကွဲမှုကြောင့် အရှည် ၂၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ ပေရှိ သံကူကွန်ကရစ်တံတားတစ်စင်း ပြိုကျပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

ထိုသို အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ပျက် စီးခဲ့သည့် တံတားအားခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများအမြန်ဆုံးဆောင် ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲဝင်များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အ ကြမ်းဖက်သမားများအား ဖော် ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Total Views ~ 171

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43227

© 2022 - 2025 News. All Rights Reserved.