သံဖြူဇရပ်မြိုနယ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတားအား PDF အမည်ခံအကြမ်း ဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

၂၀၂၃ ၊ဇန်နဝါရီ -၂၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွားကားလမ်းပေါ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက် ည ၇ နာရီခန့်တွင် သံဖြူဇရပ်မြို နယ်၊နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်း၊ သာဂရကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ အရှည် ၁၃၀ ပေ၊ အကျယ် ၂၀ ပေရှိသပြေချောင်းသံကူကွန် ကရစ်တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း၊ ထိုသို ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား၏ တောင်ဘက်ခြမ်းမှ ကမ်းကပ်ခုံအနီးတွင် အချင်း ၁၀ ပေပတ် လည်ခန့် ကျွံကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို အများပြည်သူများသွား လာရေး အဆင်ပြေချောမွေ့ စေရန် ဆောက်လုပ်ထားသည့် သံကူကွန်ကရစ်ချောင်းကူးတံ တားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူအကြမ်း ဖက်သမားများ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲဝင်များကဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Total Views ~ 187

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43274

© 2022 - 2025 News. All Rights Reserved.