အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရစဖမှူး၏ နေအိမ်အနီးလမ်းပေါ်၌ ပေါက်ကွဲမှုဖြစ်ပွား

၂၀၂၃ ၊ ဖေဖော်ဝါရီ ၁၃

ယမန်နေ့( ဖေဖော်ဝါရီ ၁၂)ည ၁၀နာရီအချိန် အမရပူရခရိုင် အမရပူရမြို့နယ် မမစ(အမရပူရ)၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ မှန်တန်းရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာတာ၀န်ရှိသူများပါ၀င်သောဦးစီးပူးပေါင်းအဖွဲက သွားရောက်စစ်ဆေးရာ အဆိုပါရပ်ကွက်ရစဖမှူး ဦးစန်းသိန်း ၏နေအိမ် နောက်ကျောဘက်ရှိ လမ်းပေါ်၌ ဆိုင်ကယ် ၁ စီးနှင့် အမျိုးသား ၂ ဦး(စိစစ်ဆဲ)က လက်လုပ်ဗုံး ၂ လုံး ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ ၁ လုံးမှာ လမ်းပေါ်၌ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးမှာ ပေါက်ကွဲမှုမရှိခဲ့ကြောင်း သိရသည်။

 ပေါက်ကွဲမှုမရှိသည့် လက်လုပ်ဗုံးအား သက်ဆိုက်ရာဦးစီးအဖွဲက သိမ်းဆည်း ယူဆောင်ခဲ့ပြီး လက်လုပ်ဗုံးပစ်ပေါက်သွားသူများအားဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 187

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43335

© 2022 - 2025 News. All Rights Reserved.