၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း တာဝါတိုင် (၁) တိုင်အားဖောက်ခွဲဖျက် ဆီး

NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ

၂၀၂၃ ၊ ဇန်နဝါရီလ ၂၂ 

NUG လက်ဝေခံ PDF အမည်ခံ အ ကြမ်းဖက်သမားများမှ ပြည်သူ များ၏ လျှပ်စစ်ဓာတ်အားလိုအပ် ချက်ကို ထုတ်လုပ်၊ ပိုလွှတ်၊ ဖြန့် ဖြူး ပေးလျက်ရှိသောလျှပ်စစ် ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးမှုများ ရည်ရွယ်ချက် ရှိရှိဖြင့် ပြုလုပ် လျက်ရှိရာ ယနေ့(ဇန်နဝါရီ ၂၂ ) တွင် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိ သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံ တော်ဓာတ်အားစနစ်သို ပိုလွှတ်ပေးလျက်ရှိသည့် ၁၃၂ ကေဗွီဘီလူး ချောင်း(၂)- တီကျစ် နှစ်ထပ်ဓာတ် အားလိုင်း၏ ကယားပြည်နယ်၊ လွိင်ကော်မြို နယ်အတွင်းရှိတာဝါ တိုင်(၁)တိုင်ကို ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၁) တိုင်ပြိုလဲ ပျက်စီးခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဓာတ်အားလိုင်းမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၈) ကြိမ်နှင့် တာဝါတိုင်ပေါင်း (၂၃) တိုင်ဖျက်ဆီးခံခဲ့ရသော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြင်ဆင်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိကြောင်း သိရပြီး NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ရည်ရွယ်ချက်ရှိရှိဖြင့်အများပြည်သူသို လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၊လျှပ်စစ် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့်အကြိမ်ပေါင်း (၂၁၈)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း လုံခြုံရေးအဖွဲများနှင့်ပူး ပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထား သည်။

Total Views ~ 241

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43274

© 2022 - 2025 News. All Rights Reserved.