၂၀၂၃ နိုဝင်ဘာ ၂၇
၂၀၂၃ - ၂၄ ကြံရာသီအတွက် ကြံစိုက်ဧကနှင့် ကြံကြိတ်ဝါးမှုနှုန်း တိုးမြှင့်ထားပြီး ဗီယမ်နမ်သို့ သကြားတန်ချိန် သိန်း ဂဏန်းအထိ တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
"ဒီနှစ်က ကြံစိုက်ဧကလည်း တိုးတယ်။ သကြားစက်တွေလည်း တိုးတယ်။ နောက်ပြီး သကြားစက်တွေရဲ့ ကြိတ်စွမ်းအား ဃစေငခငအပ တွေလည်း တိုးထားတယ်။ တချို့ စက်တွေ ဥပမာ ငွေပုလဲဆိုရင် မနှစ်က တန် တစ်သောင်းကျော်လောက်ပဲ ကြိတ်တာ။ ဒီနှစ်က တစ်ရက်ကို တန်ချိန်နှစ်သောင်း ကြိတ်မယ်။ ဆိုတော့ ဒီနှစ်ကတော့ တန်ချိန် က သိန်းဂဏန်းလောက် ပို့နိုင်မယ်"ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။
ပြီးခဲ့သည့် ကြံရာသီတွင် ကြံစိုက်ဧက လေးသိန်းခွဲဝန်းကျင်သာရှိခဲ့ရာမှ ယခုနှစ်ကြံရာသီတွင် စက်ရုံအသစ်သုံးလုံး တိုး ထားသလို စိုက်ဧကကိုလည်း ဧကသုံးသောင်း နှင့် ငါးသောင်းကြား တိုးထားသည့်အတွက် ကြံစိုက်ဧက ငါးသိန်းနီးပါးခန့်ရှိကြောင်း သိ ရသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် တစ်နှစ် လျှင် သကြားတန်ချိန် လေးသိန်းခွဲကျော် ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် တန်ချိန် သုံးသိန်းကျော်ရှိသည့်အတွက် ပိုလျှံသည့်သကြားကို ဗီယက်နမ်၊ ဖိလစ်ပိုင် နှင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း ယင်း အသင်းမှ သိရသည်။
"အခုက ကြံရာသီဆိုတော့ တင်ပို့မှုက ရေလမ်းကပဲသွားတယ်။ မူဆယ်နယ်စပ်က မသွားသလောက်ပါပဲ။ ကြာပြီ၊ သုံး၊ လေးနှစ်လောက်ရှိပြီ။ ဗီယက်နမ်ကို ရေလမ်းကပဲပို့တာ။ မူဆယ်ဘက်ကို သကြားမပို့တာကြာပြီ။ သူတို့ကလည်း သကြားဆိုရင် အခွန်မြှင့်လိုက်တာကိုး။ အဲဒီ အခါကျတော့ အဲဒီနားက နယ်စပ်ကလူတွေကတော့ သကြားရည်ဆိုပြီး ပို့တာရှိတယ်။ အဲဒါကလည်း နည်းနည်းပါးပါးပါ။ သကြားကို အရည်ကြိုပြီး တင်လဲရေ လုပ်ပြီး ပို့တာပေါ့။ အဲဒီအခါကျတော့ အခွန် လျော့သွားတာပေါ့။ ဟိုဘက်ကျတော့ အဲဒီအရည်ကို သကြားပြန်ချက်တာမျိုး တစ်ခုခု ပြန်လုပ်မှာပေါ့။ အဲဒါလည်း နည်းနည်းပဲသွားတာပါ။ ဗီယက်နမ်ကိုပဲ Export လုပ်တော့တယ်။ တခြားနိုင်ငံတွေက နည်းနည်းလေးတွေပါ၊ ဗီယက်နမ်ကိုပဲ အများဆုံးတင် ပို့တာပါ"ဟု ဦးဝင်းဌေးက ဆက်ပြောသည်။