၂၀၂၃ ၊ ဇန်နဝါရီ ၈
AA လက်နက်ကိုင် အဖွဲက ပုဏ္ဏားကျွန်းမြိုနယ်၊ သားပုန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ၎င်းတိုအမာခံသတင်းပေး ရွာသား ၅ ဦးနှင့်တွေ့ဆုံ၍ နယ်မြေတရားရုံးဖွင့်လှစ် ရန်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှပြဿနာများကို ၎င်းတိုဖွင့် လှစ်မည့် နယ်မြေ တရားရုံးသို လာရောက်တိုင်တန်းနိုင်ကြောင်း ပြောကြားကာ ၎င်းကျေးရွာ၌ ယာယီ အခြေပြုလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြိုနယ်၊ ယိုးတရုတ် ကျေးရွာအုပ်စု၊ ယိုးတရုတ်ကျေးရွာတွင် ဖြန့်ခွဲအခြေပြုလှုပ်ရှားလျက်ရှိသော AA လက်နက်ကိုင်အဖွဲမှ ခေါင်းဆောင် နယ်မြေမှူးအဆင့်ရှိ မောင်မောင်ထွန်း ဦးစီး အင်အား ၁၅ ဦးခန့်သည် ယူနီဖောင်းများဝတ်၊ လက်နက်ငယ်များကိုင်ဆောင်၍ မြစ်ကြောင်း အတိုင်း စက်လှေ ၁ စီးဖြင့်ထွက်ခွာခဲ့ရာ မွန်းလွဲ ၂နာရီခွဲခန့်တွင် ပုဏ္ဏားကျွန်းမြိုနယ်၊ သားပုန်ကျေးရွာသိုရောက်ရှိခဲ့ပြီး ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ၎င်းတို၏အမာခံသတင်းပေး ရွာသား ၅ ဦးတိုနှင့်တွေ့ဆုံခဲ့သည်။ထိုနောက် AA လက်နက်ကိုင်အဖွဲ၊ ခေါင်းဆောင်မှ သားပုန် ကျေးရွာ၌ နယ်မြေတရားရုံးဖွင့်လှစ်ရန်အတွက် ရောက်ရှိလာခြင်းဖြစ်ကြောင်း နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှပြ ဿ နာများကို ၎င်းတိုဖွင့်လှစ်မည့် နယ်မြေ တရားရုံးသို လာရောက်တိုင်တန်းနိုင်ကြောင်း ပြောကြားခဲ့ကာ ၎င်းကျေးရွာ၌ ယာယီ အခြေပြုလျက်ရှိကြောင်း သိရသည်။